• Follow Us on

Home လူကုန်ကူးမှုများကို မြန်မာ-တရုတ်နှစ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း တိုက်ဖျက်နိုင်ရေးကိစ္စရပ်များဆွေးနွေး

လူကုန်ကူးမှုများကို မြန်မာ-တရုတ်နှစ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း တိုက်ဖျက်နိုင်ရေးကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

(၁၂) ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) ကို ယမန်နေ့တွင် နေပြည်တော် PARK ROYAL Hotel ၌ မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်း ပခဲ့သည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒုတိယညွှန် ကြားရေးမှူးချုပ် Mr. Chen Shiqu ဦးဆောင်သော ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုအခြေအနေများနှင့် ပြောင်းလဲဖြစ်ပေါ်လာသော လူကုန်ကူးမှုပုံစံများ၊ လန်ချန်း-မဲခေါင်ဒေသအတွင်း ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်း ကစားမှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှု၊ အဓမ္မခိုင်းစေမှုများနှင့် အဆိုပါမှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင် ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီး မှုများ ပိုမိုခိုင်မာစေရေး၊ တရားမဝင် ဝင်/ထွက်သွားလာမှုများနှင့် လူကုန်ကူးမှုများကို နှစ်နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်နိုင်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေး နွေးခဲ့ကြသည်။

 

ထို့ပြင် အဆိုပါ အစည်းအဝေးကျင်းပခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရာ ရောက်ခြင်း၊ နှစ်နိုင်ငံအကြား သတင်း အချက်အလက်များ ဖလှယ်နိုင်ခြင်း၊ လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင် ခြင်းနှင့် ကျူးလွန်သူတရားခံများကို ဖမ်းဆီးခြင်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြား ဖြစ်ပွားသော လူကုန်ကူးမှုများ လျော့နည်းကျဆင်းစေခြင်း စသည့်အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post