PUBLISHED - December 9, 2019
ရန်ကုန်၊ ဒီဇင်ဘာ – ၉
Photo – USDP
(Unicode)
လူကိုလည်းကြည့် ပါတီကိုလည်းကြည့်ရန် ပြည်ခိုင်ဖြိုးပါတီပြောဆို
………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၉
လူကိုလည်းကြည့်၊ ပါတီကိုလည်းကြည့်ရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က ပြောဆို လိုက်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံစဉ် ဦးသူရိန်ဇော်က အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ သူရဲ့လူထုနဲ့ အမြဲထိတွေ့နေရမယ်၊ ရွာကိုလာရမယ်၊ ရွာသားတွေနဲ့ တွေ့ရ မယ်၊ ဘာတွေလိုမလဲမေးရမယ်။ သူကတင်ပြပေးရမယ်။ သူကအမြဲတမ်းထိတွေ့မှု ခင်မင်မှုရှိနေရမယ်၊ မဲဆွယ် တဲ့အချိန်ပဲ လာပြီး နောက်ထပ်မလာတော့လို့ရှိရင် စစ်မှန်တဲ့ကိုယ်စားလှယ်မဟုတ်ဘူး။ အဲဒါကြောင့် လူကို လည်းကြည့် ပါတီကိုလည်း ကြည့်စေချင်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်က ပြောသည်။
Photo – USDP
#PeopleMedia #Political #USDP