လူငယ်တွေအသံ နားထောင်ရမယ့်အချိန်ရောက်ပြီလို့ ထိုင်းဒေသအုပ်ချုပ်ရေးဦးစီးဌာနပြော
PUBLISHED - January 29, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉
မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှု၊ စိတ်ကျန်းမာရေးယိုယွင်းလာမှုနဲ့ ငွေကြေးအခက်အခဲတို့နဲ့ ပတ်သက်ပြီး မကြာ ခင်က လူငယ်တွေရဲ့ပြဿနာတွေမြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ လူငယ်တွေရဲ့အသံကို နားထောင်ဖို့နဲ့ လူငယ်တွေနိုင်ငံရေးမှာပါဝင်မှု အားပေးမြှင့်တင်ပေးမှု အရေးကြီးပုံကို အစိုးရအဖွဲ့အစည်းတွေက အလေးထား ပြောကြားလျက်ရှိပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒေသအုပ်ချုပ်ရေးဦးစီးဌာန ((DLA) ၊ ထိုင်းကျန်းမာရေးမြှင့်တင်မှုဖောင်ဒေးရှင်း (ThaiHealth) နဲ့ လူမှုရေးဆန်းသစ်တီထွင်မှုနဲ့ လူငယ် ((SIY) အဖွဲ့ဟာ တနင်္ဂနွေနေ့က “Learn Len Hen Local” လို့ အမည်ပေးထားတဲ့ အခမ်းအနားတစ်ခုကို ဘန်ကောက်မြို့မှာရှိတဲ့ TK Palace Hotel & Convention မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ထိုင်းနိုင်ငံ ကလေးသူငယ်များနဲ့ လူငယ်များကောင်စီ (CYCT) က ၎င်းတို့အဖွဲ့ရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေကို တင်ပြခဲ့ပါတယ်။
ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ရဲ့ သဘောတူညီချက်အရ လူငယ်တွေအနေနဲ့ ၎င်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာပြောဆိုခွင့်ရှိကြောင်း ဒေသအုပ်ချုပ် ရေးဦးစီးဌာန ((DLA) ရဲ့ ဒုတိယညွှန်ကြားရေးမှူးဆူရတ်ဟွန်ဂျာရီးမီးက ပြောပါတယ်။
ဒေသတွင်း ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ မျိုးဆက်သစ်တွေပါဝင်နိုင်ရေးထောက်ပံ့ကူညီဖို့အတွက် ထိုင်းအစိုးရ က လူငယ့်အခွင့်အရေးတွေကို မြှင့်တင်ပေးနေသလို ဒေသအုပ်ချုပ်ရေးဦးစီးဌာန ((DLA) ကလည်း ကလေး သူငယ်များနဲ့ လူငယ်များကောင်စီ (CYCT) ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးမြှင့်တင်နိုင်ကြောင်း ၎င်း က ပြောပါတယ်။
လူငယ်တွေဟာ လက်ရှိနိုင်ငံရေးအခြေအနေကို ပိုမိုသဘောပေါက်ပေမဲ့ ၎င်းတို့ရဲ့အသံကို လူ့အဖွဲ့အစည်းက ဂရုတစိုက်နားထောင်လေ့မရှိကြောင်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ လူထုဆက်သွယ်ရေးနည်းလမ်းနဲ့ ပြည်သူပါဝင် ဆောက်ရွက်ခြင်းဆိုင်ရာ အောက်လွှတ်တော်ကော်မတီဥက္ကဋ္ဌ ပရစ်ဝါချာရာဆင်ဒူက ပြောပါတယ်။
လူငယ်တွေ ၎င်းတို့ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြာဆိုနိုင်မယ့်ရောတွေ တည်ထောင်ဖို့၊ လူ ငယ်တွေကို နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်ပေးဖို့နဲ့ စာသင်ကျောင်းစည်းကမ်းတွေနဲ့ သင်ရိုးညွှန်းတမ်း တွေရေးဆွဲရာမှာ လူငယ်တွေကိုယ်တိုင်ပါဝင်လာဖို့အတွက် အေက်လွှတ်တော်ကော်မတီအနေနဲ့ လူမှုရေးဆန်း သစ်တီထွင်မှုနဲ့ လူငယ် ((SIY) အဖွဲ့လို အဖွ့ဲအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောပါ တယ်။
Covid-19 ကပ်ရောဂါဘေး၊ စီးပွားရေးဖိအားများ၊ ပညာရေးတိုးတက်မှုမရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း မြင့်မားလာတဲ့ စိတ်ကျန်းမာရေးပြဿနာများမြင့်တက်လာခြင်း၊ အကြမ်းဖက်မှုများနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ခွင့်မရခြင်း စတဲ့ အခြေအနေ ၆ ရပ်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ တင်ပြထားတာ တွေ့ရှိရကြောင်း ထိုင်းကျန်းမာရေးမြှင့်တင်မှုဖောင်ဒေးရှင်း (ThaiHealth) ညွှန်ကြားရေးမှူး နတ်တာယာဘွန်း ပတ်ဒီက ပြောပါတယ်။
“ကလေးသူငယ်တွေနဲ့ လူငယ်တွေဟာ သူတို့စိတ်ဝင်စားတဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ဆောင်ရွက်ဖို့အ တွက် အခွင့်အလမ်းရရှိဖို့ လိုအပ်ပါတယ်။ သူတို့က သူတို့ဘာတွေလိုချင်သလိုဆိုတာကို လူကြီးတွေနဲ့ ဆုံးဖြတ် ချက်ချမှတ်သူတွေကို နားထောင်စေချင်ကြတယ်။” လို့ ၎င်းက ပြောပါတယ်။
“နားထောင်ခြင်းဆိုတာ သူတို့ပြဿနာတွေကို သိရှိနားလည်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပြီး တည်ထွင်ဖန် တီးနိုင်တဲ့ပြဿနာဖြေရှင်းနည်းတွေကို ထွက်ပေါ်လာစေမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: DLA says it’s time to listen to youth
#PeopleMedia