• Follow Us on
Latest News

Home လူစုလူေဝးမျဖစ္ေစရန္ ျပည္သူ႔ဥယ်ာဥ္၊ တိရစာၦန္ဥယ်ာဥ္၊ ျပည္သူ႔ရင္ျပင္၊ ပန္းၿခံႏွင့္ ကစားကြင္းအားလုံး ဒီဇင္ဘာလကုန္ထိ ပိတ္မည္

လူစုလူေဝးမျဖစ္ေစရန္ ျပည္သူ႔ဥယ်ာဥ္၊ တိရစာၦန္ဥယ်ာဥ္၊ ျပည္သူ႔ရင္ျပင္၊ ပန္းၿခံႏွင့္ ကစားကြင္းအားလုံး ဒီဇင္ဘာလကုန္ထိ ပိတ္မည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ခရစ္စမတ္ႏွင့္ ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလ၌ လူစုလူေဝးမျဖစ္ေစရန္ လူစည္ကားရာ ျပည္သူ႔ဥယ်ာဥ္၊ တိရိစာၦန္ ဥယ်ာဥ္၊ ျပည္သူ႔ရင္ျပင္၊ ပန္းၿခံႏွင့္ ကစားကြင္းအားလုံးကို ဒီဇင္ဘာလ ၃၁ ရက္အထိ ေခတၱပိတ္ထားရန္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၫြန္ၾကားထားသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ Stay at home သတ္မွတ္ထားရာ ၿမိဳ႕နယ္မ်ားရွိျပည္သူမ်ားအေနျဖင့္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားအားလိုက္နာျခင္းမရွိဘဲ ျပင္ပ၌သြားလာ ေနျခင္းႏွင့္စပ္လ်ဥ္း၍ လိုအပ္ေသာသတိေပးစစ္ေဆးတင္းၾကပ္မူမ်ား ေဆာင္႐ြက္သြားရန္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီမွ ဒီဇင္ဘာ ၂ ရက္တြင္ အေၾကာင္းၾကားလာမူ အေပၚ ၾကပ္မတ္ေဆာင္႐ြက္သြားရန္ဟူ၍ ၫြန္ၾကားစာတြင္ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ခရစ္စမတ္ကာလႏွင့္ နိုင္ငံတကာႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလမ်ားအတြင္း ရန္ကုန္တိုင္းေဒသႀကီး တြင္လူစုလူေဝးတတ္ေသာအထက္ပါေနရာမ်ားအား ဒီဇင္ဘာ ၂၁ ရက္မွစ၍ ၃၁ ရက္အထိ ေခတၱပိတ္ထားရန္ ၫြန္ၾကားထားျခင္းျဖစ္သည္။

ကိုဗစ္ကပ္ေရာဂါကာလအတြင္း လူစုလူေဝးျဖစ္မႈမ်ားရွိခဲ့သည္ မဟာဗႏၶဳလပန္းကုိ ယာယီပိတ္ခဲ့ၿပီးေနာက္ ယခုက်န္ရွိသည့္ ပန္းၿခံမ်ားအားထပ္မံပိတ္လိုက္ျခင္းလည္းျဖစ္သည္။

#PeopleMedia #ပန္းဥယ်ာဥ္

(unicode)
လူစုလူဝေးမဖြစ်စေရန် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံး ဒီဇင်ဘာလကုန်ထိ ပိတ်မည်
………………………….

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလ၌ လူစုလူဝေးမဖြစ်စေရန် လူစည်ကားရာ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန် ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံးကို ဒီဇင်ဘာလ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at home သတ်မှတ်ထားရာ မြို့နယ်များရှိပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားလိုက်နာခြင်းမရှိဘဲ ပြင်ပ၌သွားလာ နေခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သောသတိပေးစစ်ဆေးတင်းကြပ်မူများ ဆောင်ရွက်သွားရန် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဒီဇင်ဘာ ၂ ရက်တွင် အကြောင်းကြားလာမူ အပေါ် ကြပ်မတ်ဆောင်ရွက်သွားရန်ဟူ၍ ညွန်ကြားစာတွင်ဖော်ပြထားသည်။

ထို့ကြောင့် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်တိုင်းဒေသကြီး တွင်လူစုလူဝေးတတ်သောအထက်ပါနေရာများအား ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ညွန်ကြားထားခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်မှုများရှိခဲ့သည် မဟာဗန္ဓုလပန်းကို ယာယီပိတ်ခဲ့ပြီးနောက် ယခုကျန်ရှိသည့် ပန်းခြံများအားထပ်မံပိတ်လိုက်ခြင်းလည်းဖြစ်သည်။

#PeopleMedia #ပန်းဥယျာဉ်


Share this post