လူတိုင္းလက္လွမ္းမီသည္ ပညာေရးစနစ္ကို စီမံဖန္တီးထားေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ ဦးခင္ရီေျပာ

PUBLISHED - August 26, 2020
ရန္ကုန္၊ ၾသဂုတ္ ၂၅
ပါတီတြင္းပညာေရးေကာ္မတီတစ္ရပ္ရွိၿပီး လူတိုင္းလက္လွမ္းမီသည္ ပညာေရးစနစ္ကို စီမံဖန္တီးထားေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ ဦးခင္ရီေျပာၾကားလိုက္သည္။
ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္အတြင္းရွိ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ပထမအႀကိမ္မဲေပးမည့္လူငယ္မ်ားႏွင့္ စကားဝိုင္းတြင္ ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ ဦးခင္ရီက ပညာေရးႏွင့္ပတ္သက္၍ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ပညာေရးနဲ႔ပတ္သက္လို႔ လြယ္လြယ္ေလးေတာ့ေျပာလို႔မရဘူး။ ေသေသခ်ာခ်ာေလ့လာရမယ္။ဘဘတို႔ဌာနမွာလည္း ပညာေရးေကာ္မတီရွိတယ္။ ပညာေရးေကာ္မတီကလက္ရွိ ပညာေရးစနစ္ကို သုံးသပ္ထားတာလည္းရွိတယ္။ ခ်ဳပ္လိုက္လို႔ရွိရင္ ဘဘတို႔လိုခ်င္တဲ့ပညာေရးဟာ လူတိုင္းလက္လွမ္းမီတဲ့ပညာေရးျဖစ္ရမယ္။ ဒီပညာေရးဟာ လက္ေတြ႕ဘ၀နဲ႔ဟက္စပ္တဲ့ ပညာေရးျဖစ္ရမယ္။ ပညာကိုဆုံးခန္းတိုင္ေအာင္သင္သြားတဲ့လူေတြအတြက္အခြင့္အလမ္းကတစ္မ်ိဳး၊ အေၾကာင္းေၾကာင္း ေၾကာင့္ ပညာကိုဆုံးခန္းတိုင္ေအာင္မသင္ႏိုင္တဲ့ကေလးေတြအတြက္ အခြင့္အလမ္းကတစ္မ်ိဳး၊ ဒီလိုအခြင့္အလမ္းမ်ိဳးေပါင္းစုံေတြ ပါ၀င္ထားတဲ့ အရာကို ဘဘတို႔စီမံဖန္တီးထားတယ္’’ဟု ၎ကေျပာသည္။
သမၼတဦးသိန္းစိန္လက္ထက္တြင္ ပညာေရး၀န္ႀကီးမွာ ေဒါက္တာေဒၚခင္စန္းရီျဖစ္ခဲ့ၿပီး အမ်ိဳးသားပညာေရး ဥပေဒကို ၎ လက္ထက္တြင္ အတည္ျပဳျပဌာန္းခဲ့ျခင္းျဖစ္သည္။
လက္ရွိပညာေရး၀န္ႀကီးဌာနတြင္ အေျခခံပညာေက်ာင္းေပါင္း ေလးေသာင္းေက်ာ္ တကၠသိုလ္ေက်ာင္းေပါင္းတစ္ရာေက်ာ္ရွိၿပီ NLD အစိုးရလက္ထက္တြင္ တကၠသိုလ္၀င္တန္းမေအာင္ျမင္သူမ်ားကို အေျခခံပညာအထက္တန္းအဆင့္ပညာ သင္ယူၿပီး ေျမာက္ေၾကာင္း လက္မွတ္မ်ားထုတ္ေပးကာအသက္ေမြး၀မ္းေက်ာင္းသင္တန္းမ်ားသို႔ တက္ေရာက္ခြင့္ျပဳခဲ့သည္။
(unicode)
လူတိုင်းလက်လှမ်းမီသည် ပညာရေးစနစ်ကို စီမံဖန်တီးထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီပြော
………………………………………………………
ရန်ကုန်၊ ဩဂုတ် ၂၅
ပါတီတွင်းပညာရေးကော်မတီတစ်ရပ်ရှိပြီး လူတိုင်းလက်လှမ်းမီသည် ပညာရေးစနစ်ကို စီမံဖန်တီးထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီပြောကြားလိုက်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်မဲပေးမည့်လူငယ်များနှင့် စကားဝိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပညာရေးနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပညာရေးနဲ့ပတ်သက်လို့ လွယ်လွယ်လေးတော့ပြောလို့မရဘူး။ သေသေချာချာလေ့လာရမယ်။ဘဘတို့ဌာနမှာလည်း ပညာရေးကော်မတီရှိတယ်။ ပညာရေးကော်မတီကလက်ရှိ ပညာရေးစနစ်ကို သုံးသပ်ထားတာလည်းရှိတယ်။ ချုပ်လိုက်လို့ရှိရင် ဘဘတို့လိုချင်တဲ့ပညာရေးဟာ လူတိုင်းလက်လှမ်းမီတဲ့ပညာရေးဖြစ်ရမယ်။ ဒီပညာရေးဟာ လက်တွေ့ဘဝနဲ့ဟက်စပ်တဲ့ ပညာရေးဖြစ်ရမယ်။ ပညာကိုဆုံးခန်းတိုင်အောင်သင်သွားတဲ့လူတွေအတွက်အခွင့်အလမ်းကတစ်မျိုး၊ အကြောင်းကြောင်း ကြောင့် ပညာကိုဆုံးခန်းတိုင်အောင်မသင်နိုင်တဲ့ကလေးတွေအတွက် အခွင့်အလမ်းကတစ်မျိုး၊ ဒီလိုအခွင့်အလမ်းမျိုးပေါင်းစုံတွေ ပါဝင်ထားတဲ့ အရာကို ဘဘတို့စီမံဖန်တီးထားတယ်’’ဟု ၎င်းကပြောသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ပညာရေးဝန်ကြီးမှာ ဒေါက်တာဒေါ်ခင်စန်းရီဖြစ်ခဲ့ပြီး အမျိုးသားပညာရေး ဥပဒေကို ၎င်း လက်ထက်တွင် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။
လက်ရှိပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် တက္ကသိုလ်ကျောင်းပေါင်းတစ်ရာကျော်ရှိပြီ NLD အစိုးရလက်ထက်တွင် တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများကို အခြေခံပညာအထက်တန်းအဆင့်ပညာ သင်ယူပြီး မြောက်ကြောင်း လက်မှတ်များထုတ်ပေးကာအသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ခွင့်ပြုခဲ့သည်။