• Follow Us on
Latest News

Home လူတိုင်း ဘတ် ၂၀ နဲ့ လျှပ်စစ်ရထားစီးနိုင်ဖို့ အခြေခံအဆောက်အအုံရန်ပုံငွေ ဘတ်ငွေ ဘီလျံ ၃၀၀ တည်ထောင်နိုင်ရေး ထိုင်းဘဏ္ဍာရေးဝန်ကြီးကြိုးပမ်းနေ

လူတိုင်း ဘတ် ၂၀ နဲ့ လျှပ်စစ်ရထားစီးနိုင်ဖို့ အခြေခံအဆောက်အအုံရန်ပုံငွေ ဘတ်ငွေ ဘီလျံ ၃၀၀ တည်ထောင်နိုင်ရေး ထိုင်းဘဏ္ဍာရေးဝန်ကြီးကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

 

ထိုင်းနိုင်ငံမှာ ဘယ်နေရာအထိစီးစီး လျှပ်စစ်ရထားပုံသေစီးနင်းခ ဘတ် ၂၀ သတ်မှတ်နိုင်ဖို့ ဘတ်ငွေ ဘီလျံ ၃၀၀ အ ခြေခံအဆောက်အအုံရန်ပုံငွေတစ်ရပ် တည်ထောင်နိုင်ရေးအတွက် ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက အရှိန်မြှင့်ဆောင်ရွက် နေကြောင်း ဘဏ္ဍာရေးဌာနဝန်ကြီး ဖိချိုင်းချန်းဟာဗာဂျီရာက ဇန်နဝါရီ ၃၀ ရက်နေ့ (ကြာသပတေးနေ့) က ပြောကြား လိုက်ပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်မှာ ရန်ပုံငွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို လေ့လာနေပြီး အခုနှစ် အတွင်း အပြီးသတ်ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဘဏ္ဍာရေးဝန် ကြီးဖိချိုင်းက ပြောပါတယ်။

 

ရထားမောင်းနှင်လည်ပတ်နေတဲ့စွမ်းရည်ကိုမထိခိုက်စေသလို အစိုးရထောက်ပံ့ကြေး ထုတ်ပေးစရာမလိုဘဲ အစိုးရအ နေနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းမူဝါဒကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ပုဂ္ဂလိကရထားထုတ်လုပ်သူတေဆီက ရထားစက်ခေါင်း/တွဲတွေကို ဝယ်ယူရာမှာ ဒီရန်ပုံငွေကို အသုံးပြုသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဘယ်အမျိုးအစားတွေကို ရင်းနှီးမြှုပ်နှံရမယ်၊ ဘယ်လောက်တန်ဖိုးရှိတယ်၊ အနာဂတ်မှာ အရှုံး/အမြတ်ဘယ်လောက် အထိ ရှိနိုင်တယ်၊ နေ့စဉ် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ဘယ်လောက်အထိ ရှိနိုင်တယ်ဆိုတာ အပါအဝင် ရန်ပုံငွေနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ လေ့လာနေဆဲဖြစ်ပါတယ်။ တချို့ပစ္စည်းတွေက ပုဂ္ဂလိ က ကုမ္ပဏီတွေက ပိုင်ဆိုင်တာဖြစ်ပြီး ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းဖို့လိုပါတယ်။ တချို့ပစ္စည်းတွေကတော့ နိုင်ငံတော်က ပိုင်ဆိုင်တာဖြစ်ပါတယ်။” လို့ ဖိချိုင်းက ရှင်းပြပါတယ်။

 

လျှပ်စစ်ရထားခ ဘတ် ၂၀ မူဝါဒ ရေရှည်တည်တံ့ခိုင်မြဲအောင် ဒီရန်ပုံငွေက ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်တယ်လို့ ၎င်း က ပြောပါတယ်။

 

ပထမ ရှစ်နှစ်ကာလအတွင်း ရန်ပုံငွေလည်ပတ်သုံးစွဲမှုမှာ ထိခိုက်မှုတွေ ရှိပေမဲ့လည်း တဖြည်းဖြည်း စီးနင်းတဲ့ပြည်သူ တွေများပြားလာပြီး အနှစ် ၃၀ ကာလလို ရေရှည်ကာလအတွင်းမှာ သင့်တင့်မျှတတဲ့ အမြတ်အစွန်းနဲ့ လုပ်ငန်းပုံမှန် လည်ပတ်သွားမယ်လို့ ခန့်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။

 

မိမိတို့အရည်အချင်းတွေ တိုးတက်လာအောင်၊ ပုဂ္ဂလိကကဏ္ဍအတွက် ကုန်ကျစရိတ်တွေလျှော့ချနိုင်အောင်နဲ့ အလျင် အမြန်ပြောင်းလဲလာတဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်ပြောင်းလဲနိုင်အောင် ရေရှည်မဟာဗျူဟာစီမံချက်တွေ ရေးဆွဲဖို့ ၎င်းရဲ့အုပ်ချုပ်ကွပ်ကဲမှုအောက်ရှိ ပြည်နယ် ၅၂ ခုက အစိုးရလုပ်ငန်းတွေကိုလည်း ဖိချိုင်းက ညွှန်ကြားခဲ့ပါ တယ်။

 

Ref: Finance Ministry plans THB300 billion infrastructure fund: Pichai/ Bangkok Post

 

#PeopleMedia


Share this post