လူထုစစ်တမ်းကောက်ယူရာမှာ ဒေါ်နယ်ထရမ့်ထက် ကမ္မလာဟားရစ် အသာစီးရနေ
PUBLISHED - September 23, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၃
အမေရိကန်ဒုတိယသမ္မတကမ္မလာဟားရစ်ဟာ ပြိုင်ဘက်ဒေါ်နယ်ထရမ့်ထက် ၅ ရာခိုင်နှုန်း အသာရနေကြောင်း NBC သတင်းဌာနကပြုလုပ်ပြီး ထုတ်လွှင့်ခဲ့တဲ့ တနင်္ဂနွေနေ့က စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ဟားရစ်ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီးကတည်းက လူထုတုံ့ပြန်မှုက ၎င်း ဘက်မှာ ပိုမိုအသားစီးရလာတာဖြစ်တယ်လို့ဆိုပါတယ်။
ဟားရစ်ကိုထောက်ခံတဲ့ အမြင်တွေကို မေးမြန်းရာမှာ ဇူလိုင်လအတွင်းက လူ ၁,၀၀၀ မှာ ၃၂ ရာခိုင်နှုန်းရှိခဲ့ရာ က လက်ရှိအချိန်မှာ လူ ၁,၀၀၀ မှာ ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဒီမြင့်တက်မှုပမာဏဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်မှုအပြီး သမ္မတဂျော့ဒဗလျူဘုရှ်ရရှိခဲ့တဲ့ထောက်ခံမှုနောက်ပိုင်း နိုင်ငံရေးသ မားတွေကြား အမြင့်ဆုံးထောက်ခံမှုဖြစ်တယ်လို့ NBC စစ်တမ်းအရ သိရပါတယ်။
ထရမ့်အပေါ် ထောက်ခံမှုကို မေးမြန်းရာမှာ ဇူလိုင်လက လူ ၁,၀၀၀ မှာ ၃၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ လက်ရှိအ ချိန်မှာ လူ ၁,၀၀၀ မှာ ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ NBC က ပြောပါတယ်။
CBS သတင်းဌာနက ပြုလုပ်ခဲ့တဲ့ တခြားစစ်တမ်းတစ်ခုမှာတော့ ထရမ့်က ၄၈ ရာခိုင်နှုန်းရရှိပြီး ဟားရစ်က ၅၂ ရာခိုင်နှုန်းရရှိကာ ၄ ရာခိုင်နှုန်းအသာရနေပါတယ်။
ရိုက်တာသတင်းဌာန၊ Ipsos သုတေသနဌာနတို့က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအပါအဝင် အခုပြုလုပ်ခဲ့တဲ့ စစ် တမ်းတွေ့ရှိချက်တွေဟာ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသမယ့် မဲဆန္ဒရှင်တွေရဲ့သဘောထားကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေက မဲဆန္ဒရှင်တွေရဲ့ အရေးကြီးတဲ့အမြင်တွေကို ဖော်ပြပေးသွားမှာဖြစ်သ လို ပြည်နယ်အလိုက် ရွေးကောက်ပွဲရလဒ်တွေကလည်း အနိုင်အရှုံးကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့သလို အဲဒီရွေး ကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆို တဲ့ မှားယွင်းတဲ့စွပ်စွဲချက်ကို ဆက်လက်ပြောဆိုနေသလို ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ဖို့ ကြိုးစားမှုနဲ့ တရား ရင်ဆိုင်နေရတဲ့ အသက် ၇၈ နှစ်အရွယ် ထရမ့်ဟာ တတိယအကြိမ်မြောက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ်နဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဟားရစ်ဟာ လက်ရှိဂျိုးဘိုင်ဒန်အစိုးရ လက် ထက်မှာ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေပြီး လာမယ့်ရွေးကောက်ပွဲမှာသာ အနိုင်ရခဲ့ရင် သက်တမ်း ၂၄၈ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်လာမှာဖြစ်ပါတယ်။
Ref: Harris gains ground on Trump in polls as public warms to her: Reuters
#PeopleMedia