လူထုပါတီကိုနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက် ကာယ (၁၂) လမ်း အမှတ် (၄/၃၆၁) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူထုပါတီ(The Party for People) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ကြေညာလိုက်သည်။
လူထုပါတီ (The Party for People) ၏ မှတ်ပုံတင်အမှတ်မှာ ၄၆ ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော လူထုပါတီ (The Party for People)သည် ၂၀၂၃ခုနှစ် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ ပါတီမှတ်ပုံတင်လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
#PeopleMedia