• Follow Us on
Latest News

Home လူထုအပေါ် သြဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ် သက်ဆင်နဲ့ လူထုစာနာထောက်ထားမှုအရရှိဆုံးပုဂ္ဂိုလ်အဖြစ် ပီတာတို့ ရရှိကြောင်း NIDA ပြော

လူထုအပေါ် သြဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ် သက်ဆင်နဲ့ လူထုစာနာထောက်ထားမှုအရရှိဆုံးပုဂ္ဂိုလ်အဖြစ် ပီတာတို့ ရရှိကြောင်း NIDA ပြော

Share this post

နိုင်ငံတကာ၊ မတ် ၄

 

ထိုင်းနိုင်ငံမှာ လူထုအပေါ် သြဇာအလွှမ်းမိုးနိုင်ဆုံးနိုင်ငံရေးခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင် နာဝပ်ထရာကလည်းကောင်း လူထုရဲ့စာနာထောက်ထားမှုအရရှိဆုံးပုဂ္ဂိုလ်အဖြစ် အဓိကအတိုက်အခံပါတီက ပီ တာလင်းဂျားရင်းနတ်ကလည်းကောင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ NIDA စစ်တမ်းအရ သတ်မှတ်ခံရ ကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံဖွံံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှု အမျိုးသားအင်စတီကျု (The National Institute of Development Administration – NIDA) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ လူထုစစ်တမ်း ကောက်ယူမှု တစ်ခုလုပ်ခဲ့ပြီး အခုရလဒ်တွေကို ကြေညာခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံတစ်ဝန်းရှိ ပညာရေးအခြေခံအမျိုးမျိုး၊ အလုပ်အကိုင်အမျိုးမျိုးနဲ့ ဝင်ငွေအမျိုးမျိုးရှိ လူထုကြားက အသက် ၁၈ နှစ်နဲ့အထက် လူဦးရေ ၁,၃၁၀ ဦးကို စစ်တမ်းကောက်ယူလေ့လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်တမ်းပြုလုပ်စဉ်အတွင်း လူထုအပေါ် သြဇာအလွှမ်းမိုးနိုင်ဆုံး နိုင်ငံရေးခေါင်းဆောင်အဖြစ် သက်ဆင်ရှင်နာ ဝပ်ထရာက ၄၂.၉၀%၊ လက်ရှိဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ၂၁.၉၁ % နဲ့ Move Forward ပါတီခေါင်း ဆောင်ဟောင်း ပီတာလင်းဂျားရင်းနတ်က ၁၇.၄၀% ရရှိခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ လူထုရဲ့စာနာထောက်ထားမှုအရရှိဆုံးပုဂ္ဂိုလ်အဖြစ် ပီတာလင်းဂျားရင်းနတ်က ၄၆.၇၉% ရရှိ ခဲ့ပြီး အခုဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Future Forward ပါတီရဲ့ခေါင်းဆောင်ဟောင်း သာနာသွန်ဂျန်းဂရုန်းဂရောင်း ကစ်က ၁၁.၄၅% ရရှိကာ ၁၇.၈၆% ကတော့ ၎င်းတို့စာနာထောက်ထားတဲ့ နိုင်ငံရေးသမားမရှိကြောင်း ပြန် လည်ဖြေဆိုခဲ့တယ်လို့ဆိုပါတယ်။

 

Ref: Thaksin the most influential, while Pita tops ‘sympathy’ vote: NIDA Poll

 

#PeopleMedia


Share this post