• Follow Us on
Latest News

Home လူမျိုးတုံးသတ်ဖြတ်မှုနှင့် မြန်မာစစ်ခေါင်းဆောင်များကို တရားစွဲဆိုရန် အာဂျင်တီးနားတရားရုံး အမှုလက်ခံ

လူမျိုးတုံးသတ်ဖြတ်မှုနှင့် မြန်မာစစ်ခေါင်းဆောင်များကို တရားစွဲဆိုရန် အာဂျင်တီးနားတရားရုံး အမှုလက်ခံ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉ (People Media)

 

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိပ် တန်းစစ်ခေါင်းဆောင်များအပါအဝင် မြန်မာ့တပ်မတော်ကို အမှုဖွင့်အရေးယူဆောင်ရွက်ရန် အာဂျင်တီးနားနိုင်ငံ တရားရုံးက သမိုင်းဝင်အဆင့်တစ်ဆင့်အဖြစ် အမှုကိုလက်ခံလိုက်ပြီဖြစ်ကြောင်း BROUK (Burmese Rohing ya Organization UK) က နိုဝင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

 

“ဒီဆုံးဖြတ်ချက်ချမှတ်တဲ့နေ့ဟာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းအတွက်သာမကဘဲ နေရာတိုင်းမှာရှိနေတဲ့ အဖိ နှိပ်ခံလူထုအတွက် မျှော်လင့်ချက်တွေနိုးထလာတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်သူတွေအတွက် ပြေးပုန်းစရာနေရာမရှိဘူးဆိုတာ အာဂျင်တီးနားနိုင်ငံရဲ့ ဆုံးဖြတ်ချက်က ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။  စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ပြစ်မှုတွေကို ကမ္ဘာကြီးက စုစည်းညီညွတ်စွာဆန့်ကျင်ကြောင်း ပြသလိုက်တာ လည်းဖြစ်ပါတယ်” ဟု BROUK အဖွဲ့ဥက္ကဋ္ဌဦးထွန်းခင်ကပြောသည်။

 

လူမျိုးတုံးသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ခေါင်း ဆောင်များကို တရားစွဲဆိုသွားရန် အာဂျင်တီးနားမြို့တော် ဗျူနိုအေရီးစ်တွင်ရှိသော ဖက်ဒရယ်ပြစ်မှုဆိုင်ရာတ ရားရုံးဒုတိယလွှတ်တော်က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း BROUK အဖွဲ့ ပြော သည်။

 

လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာစစ်ခေါင်းဆောင်များကို အရေးယူနိုင်ရန် BROUK အဖွဲ့က အာဂျင် တီးနားတရားရုံးကို နိုဝင်ဘာလ ၁၃ ရက်နေ့က တင်ပြခဲ့ကြောင်းသိရသည်။

 

“ဒီအမှုှကိုတရားစွဲဆိုဖို့ သတ္တိရှိရှိနဲ့ စိတ်ဓာတ်ရေးရာအရ ဦးဆောင်နိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားတရားစီရင် ရေးကို ကျွန်တော်တို့ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ရိုဟင်ဂျာတွေကို လူ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်ပြီး သတ်ဖြတ်ခဲ့မှုတွေအတွက် တရားမျှတမှုကိုရှာဖွေလာတာ အခုတော့ အဲဒီ တရားမျှတမှုကို ရှာဖွေဖော်ထုတ်နိုင်ပါတော့မယ်” ဟု ဦးထွန်းခင်ကပြောသည်။

 

၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်၏ ဒေသတွင်းနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာလူ မျိုး ၈ သိန်းနီးပါး နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

ရခိုင်ပြည်နယ်တွင်းကျန်ရှိနေသော ရိုဟင်ဂျာလူမျိုးများမှာ လူ့ဂုဏ်သိက္ခာကင်းမဲ့အောင် စနစ်တကျဖိနှိပ်မှု အောင်တွင် ဆက်လက်နေထိုင်နေကြရကြောင်း၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ကို ပြင်းထန်စွာကန့် သတ်တားဆီးထားကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားအခြေခံဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ကန့်သတ်ခံထားရကြောင်းသိရသည်။

 

အဆိုပါဖြစ်ရပ်များကြောင့် မြန်မာ့တပ်မတော်အား နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆို အမှုဖွင့်ထား ကြောင်း သိရသည်။

 

Ref: Historic decision by Argentinian courts to take up genocide case against Myanmar

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Historic decision by Argentinian courts to take up genocide case against Myanmar

 

#PeopleMedia


Share this post