• Follow Us on
Latest News

Home လူမျိုးတုံးသတ်ဖြတ်မှုကိုကာကွယ်တဲ့အနေနဲ့ အဇာဘိုင်ဂျန်ခေါင်းဆောင်ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တောင်းဆို

လူမျိုးတုံးသတ်ဖြတ်မှုကိုကာကွယ်တဲ့အနေနဲ့ အဇာဘိုင်ဂျန်ခေါင်းဆောင်ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တောင်းဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

 

အာမေးနီးယန်းမျိုးနွယ်စုတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို စတင် ဆောင်ရွက်နေတယ်လို့ စွပ်စွဲခံ ရတဲ့ အဇာဘိုင်ဂျန်ခေါင်းဆောင်ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန်ပြည်ထောင်စုကို ထိပ်တန်းအထက်လွှတ် တော်အမတ်တစ်ဦးက အင်္ဂါနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) က တိုက်တွန်းလိုက်ပါတယ်။

 

ရုရှားအကူအညီပေးရေးယာဉ်တန်းတစ်ခု ရောက်ရှိလာနိုင်ခဲ့ကြောင်း ခွဲထွက်ရေးအာဏာပိုင်တွေက အင်္ဂါနေ့က ပြောဆိုလိုက်ပေမဲ့ အဇာဘိုင်ဂျန်ဟာ အာမေးနီးယားကနေ နာဂါနို-ကရာဘက်ကိုသွားတဲ့ တစ်ခုတည်းသော လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ပြီး လူသားချင်စာနာထောက်ထားမှုအကျပ်အတည်းဖြစ်အောင် ဖန်တီးခဲ့ ကြောင်း အာမေးနီးယားနိုင်ငံက စွပ်စွဲထားပါတယ်။

 

အမေးနီးယန်းဂျူးတွေနဲ့ နီးစပ်တဲ့ အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် ဘော့မီနန်ဒက်ဇ်က အာမေးနီးယန်းနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား အမေရိကန်ဦးဆောင်တဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ သုံးကြိမ်ဖြစ်မြောက်ခဲ့တာကို ဂုဏ်ပြုကြိုဆိုလိုက်ပေမဲ့ အဇာဘိုင်ဂျန်သမ္မတအီလဟန်အဲလိယက် ရဲ့လုပ်ရပ်ကိုတော့ အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

 

“အဇာဘိုင်ဂျန်မှာရှိတဲ့ အဲလိယက်အစိုးရဟာ အတ်ဆာ့ (နာဂါနို-ကရာဘက်) မှာရှိတဲ့ အာမေးနီးယန်းလူမျိုးတွေ ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ်သက်ရောက်စေတဲ့ အလွန်ဆိုးရွားတဲ့စစ်ဆင်ရေးကို ဆောင်ရွက်နေပါတယ်။” လို့ မစ္စတာ ဘော့မီနန်ဒက်ဇ်က ပြောပါတယ်။

 

“ဒီလူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်တဲ့စစ်ဆင်ရေးမှာ ပါဝင်ဆောင်ရွက်သူတစ်ယောက်ချင်းစီကို ကျွန် တော်တို့ ဆင့်ခေါ်ဖို့လိုပါတယ်။” လို့ မစ္စတာမီနန်ဒက်ဇ်က ပြောပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ သမ္မတအဲလိယက်အပါဝင် အဲဒီသက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး အရေးယူပိတ် ဆို့ရမှာဖြစ်ပါတယ်။ သူတို့တွေ ကမ္ဘာတစ်ဝန်းက ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေကနေ ဥရောပတစ်ဝန်းမှာရှိ တဲ့ သူတို့ရဲ့ဇိမ်ခံရွက်လှေတွေနဲ့ အိမ်ကြီးရခိုင်တွေမှာ သိုဝှက်ထားတဲ့ ဥစ္စာဓနတွေနဲ့ ရေနံကရတဲ့ငွေကြေးတွေ ကို သွားယူနိုင်တဲ့လမ်းကြောင်းတွေကို ကျွန်တော်တို့ ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အဇာဘိုင်ဂျန်ဟာ နာဂါနို-ကရာဘက်ကို စားနပ်ရိက္ခာတွေမရောက်အောင်လုပ်ဆောင်ပြီး မမြင်နိုင်တဲ့လူမျိုးတုံး သတ်ဖြတ်မှုလက်နက်ကိုအသုံးပြုနေတယ်လို့ စွပ်စွဲခဲ့တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ရှေ့နေဟောင်း လူးဝစ်မော်ရေးနိုးအိုကမ်းပိုရဲ့စကားကို မစ္စတာမီနန်ဒက်ဇ်က ထောက်ပြပါတယ်။

 

စားနပ်ရိက္ခာအကူအညီတွေကို ပိတ်ဆို့ထားတယ်ဆိုတဲ့စွပ်စွဲချက်ကို အဇာဘိုင်ဂျန်ဘက်က ငြင်းဆိုထားပါတယ်။ နာဂါနို-ကရာဘက်ဒေသက လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက အလွန်အမင်းစိုးရိမ်ပူပန်မိပေမဲ့ မြေပြင်မှာ ဘယ်သူကမှ ကိုယ်တွေ့သတင်းအချက်အ လက်တွေ (firsthand accounts) ကို မပေးနိုင်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦး က ပြောပါတယ်။

 

“ငတ်မွတ်ခေါင်းပါးမှုကြောင့်ဖြစ်စေ အဟာရချို့တဲ့လို့ဖြစ်စေ သေဆုံးခဲ့ရတဲ့အတည်ပြုဖြစ်စဉ်တစ်ခုမှ မကြားဖူး သေးပါဘူး။” လို့ အဆိုပါအရာရှိက ပြောပါတယ်။

 

နောက်ထပ်အမေရိကန်အရာရှိတစ်ဦးကလည်း “စားနပ်ရိက္ခာအကူအညီတွေ ဘယ်လိုလက်တွေ့ပို့ရမလဲဆိုတာ နဲ့ပတ်သက်ပြီး အဓိကအာရုံစိုက်လုပ်ဆောင်ဖို့ ကျွန်တော်တို့တတ်နိုင်သမျှအရာအားလုံးကို ဆောင်ရွက်နေပါ တယ်။” လို့ ပြောဆိုရင်း လက်ရှိအခြေအနေမှာ နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုမလိုအပ်ကြောင်း ပြောပါတယ်။

 

Ref: US senator urges sanctions on Azerbaijan to prevent ‘genocide’ AFP

 

#PeopleMedia


Share this post