• Follow Us on

Home လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် နာမည်ကြီးဘဏ်တွေမှာ အထူးအရာရှိတွေထားပြီး ငွေကြေး စီးဆင်းမှုတွေကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် နာမည်ကြီးဘဏ်တွေမှာ အထူးအရာရှိတွေထားပြီး ငွေကြေး စီးဆင်းမှုတွေကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇွန် ၈

 

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် နာမည်ကြီးဘဏ်များတွင် အထူးအရာရှိများ ထားရှိပြီး ငွေကြေး စီးဆင်းမှုများ ကို ကိုင်တွယ်မည်ဟူသည့်သတင်း မဟုတ်မှန်ကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။

 

လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် နာမည်ကြီးဘဏ်များ အားလုံးတွင် အထူးအရာရှိများအား ထားရှိမည်ဖြစ်ကြောင်း၊ ထိုင်းတွင် ကွန်ဒိုဝယ်ယူမည့်ကိစ္စနှင့် ပမာဏကြီးသော ငွေကြေးစီးဆင်းမှုများကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်းနှင့် ဘဏ်များအပေါ် အယုံအကြည်မဲ့၍ ငွေးကြေးစီးဆင်းမှုတစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်ကြောင်း စသည့် သတင်းသည် မဟုတ်မှန်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

အဖျက်သမားများ အနေဖြင့် နိုင်ငံ့စီးပွါးရေးနှင့် ငွေးကြေးတည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံ့ဆော်မှုများ ဆောင်ရွက်နေသည့်အတွက် ဗဟိုဘဏ်အနေဖြင့် အများပြည်သူများသို့ အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် အဖျက်သမားများ၊ မီဒီယာများနှင့် အများပြည်သူ အကျိုးစီးပွါး ထိခိုက်မှုစေရန် ရည်ရွယ်၍ ရေးသားဖြန့်ဝေနေသည့် လူမှုကွန်ယက် စာမျက်နှာများကို ပြည်သူ များအနေဖြင့် လက်ခံယုံကြည်ခြင်းမရှိရန်နှင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားနေမှုများကို စိုးရိမ်စရာ မလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

#PeopleMedia


Share this post