• Follow Us on
Latest News

Home လူမှုစီးပွားမြှင့်တင်ရေးပါတီမှ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထား

လူမှုစီးပွားမြှင့်တင်ရေးပါတီမှ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထား

Share this post

နေပြည်တော်၊ ဇွန် ၂၁

 

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော လူမှုစီးပွားမြှင့်တင်ရေးပါတီသည် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယမန်နေ့တွင် လာ ရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၁၇ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၇ ပါတီ ရှိပြီဖြစ်သည်။

 

ယခု လျှောက်ထားသည့်အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post