• Follow Us on

Home လူသားချင်းစာနာမှုအရ မြန်မာလေယာဉ်ကို ဆင်းသက်ခွင့်ပြုခဲ့ကြောင်း ထိုင်းအစိုးရပြော

လူသားချင်းစာနာမှုအရ မြန်မာလေယာဉ်ကို ဆင်းသက်ခွင့်ပြုခဲ့ကြောင်း ထိုင်းအစိုးရပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၉

 

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ အစိုးရအရာရှိတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို ခေါ်ဆောင်ဖို့အတွက် လူသား ချင်းစာနာမှုအရ မြန်မာလေယာဉ်ကို တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်မှာ ဆင်းသက်ခွင့်ပေးခဲ့တာဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။

 

မြန်မာ့တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံရာကယ်ထုတ်ဖို့ှုအတွက် ရန်ကုန်-မဲဆောက် လေယာဉ်ခရီးစဉ် သုံးကြိမ်ကို တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိ ပျံသန်း/ဆင်းသက်ခွင့်ပေးဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် စနေနေ့က ပေးပို့လာတဲ့ မေတ္တာရပ်ခံချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံ ရရှိခဲ့ကြောင်း တနင်္လာနေ့ (ဧပြီ ၈ ရက်နေ့) က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သာနာဝတ်ဆီရီကူလ်က ပြောပါတယ်။

 

“အရေးပေါ်အခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအရ မြန်မာဘက်က မေတ္တာရပ်ခံချက်ကို ခွင့်ပြုဖို့ အစိုးရအဆင့်မှာပဲ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။” လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယအထွေထွေ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ မစ္စတာသာနာဝတ်က ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာ ဆွေးနွေးဖို့အတွက် အမျိုးသားလုံခြုံရေး ကောင်စီက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

“ထိုင်းနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှု မူဝါဒတွေနဲ့အညီ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးကို ကူညီ ထောက်ပံ့နေပါတယ်။ ထိုင်းနိုင်ငံထဲကို ဘေးကင်းလုံခြုံရာအဖြစ် ခိုလှုံဝင်ရောက်လာမယ့်သူတွေကို ကိုင်တွယ် ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံက လုံခြုံရေးအဖွဲ့အစည်းတွေမှာ ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်တွေရှိပါတယ်။

 

နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့အချိန်မှာ လက်နက်ကိုင်ဆောင်လာတဲ့ ဘယ်သူ့ကိုမဆို လက်ခံခွင့်ပြုမှာ မဟုတ်ပါဘူး။” လို့ သာနာဝတ်က ပြောပါတယ်။

 

ထိုင်းအစိုးရထံက ခွင့်ပြုချက်ရရှိပြီးနောက် မြန်မာနိုင်ငံက လေယာဉ်တစ်စင်း မဲဆောက်လေဆိပ်မှာ တနင်္ဂနွေ နေ့က ဆင်းသက်ခဲ့ပြီး မြန်မာအရာရှိတွေကို တင်ပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ ၎င်းက ပြောပါတယ်။

 

တနင်္လာနဲ့ အင်္ဂါနေ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ်တွေကို မြန်မာအစိုးရက နောက်ပိုင်းမှာ ပြန်လည်ပယ်ဖျက်ခဲ့ တယ်လို့ ၎င်းက ပြောပါတယ်။

 

“လက်ရှိအချိန်မှာတော့ ထိုင်း-မြန်မာ နယ်စပ် အထူးသဖြင့် မြဝတီက အခြေအနေတွေကို ထိုင်းနိုင်ငံက စောင့် ကြည့်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“နယ်စပ်တစ်လျှောက် ဒေသတွင်းနေထို်င်တဲ့ ပြည်သူတွေ ငြိမ်းချမ်းပြီး ဘေးကင်းလုံခြုံစွာနေနိုင်ရေးနဲ့ ထိုင်းနိုင် ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့အတွက် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ထိုင်းအစိုးရ က အသင့်ရှိနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အိမ်နီးချင်း မြန်မာနိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာဖို့နဲ့ အဲဒီအခြေအနေအတိုင်း ကိုင်တွယ်ဆောင် ရွက်နိုင်ရေး နည်းလမ်းသစ်တွေ တီထွင်ဖန်တီးဖို့ ထိုင်းအစိုးရအနေနဲ့ အစိုးရအိမ်တော်မှာ အစည်းအဝေးတစ်ရပ် ကျင်းပသွားမှာဖြစ်ကြောင်း သာနာဝတ်က ပြောပါတယ်။

 

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့သူတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် မြန်မာအစိုးရက ထိုင်းအစိုးရထံ တရားဝင်မေတ္တာရပ်ခံလာတယ်လု့ိ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျက်ကာပေါင်ဆန်မနီးက ၎င်းကိုတင်ပြခဲ့ ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က တနင်္လာနေ့က ပြောပါတယ်။

 

မေတ္တာရပ်ခံချက်ထဲမှာ နယ်ဘက်ဝန်ထမ်းတွေကို ခေါ်ယူဖို့သာပါရှိပြီး စစ်ဘက်ဝန်ထမ်းတွေနဲ့ လက်နက်ခဲယမ်း တွေမပါရှိကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

မြန်မာနိုင်ငံထဲက အခြေအနေတွေရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရာမှာ ညီ ညွတ်စွာဆောင်ရွက်မယ့် နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ပန်းပရီးဘဟစ်ဒါ နူ ကာရာ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကြည်းတပ်ဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအရာရှိများနဲ့ အင်္ဂါနေ့ မှာ တွေ့ဆုံပြီး အစည်းအဝေးတစ်ရပ် ကျင်းပသွားမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

“မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေ ခံစားနိုင်အောင်လို့ မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး တွေ ပြန်လည်ထိန်းသိမ်းနိုင်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

Ref: Myanmar rescue flights okayed

 

#PeopleMedia


Share this post