• Follow Us on
Latest News

Home လူသုံးဆယ္ထက္ မပိုေသာ အခမ္းအနား၊ ပြဲလမ္းသဘင္ႏွင့္ သင္တန္းမ်ား ျပဳလုပ္မည္ဆိုပါက ခြင့္ျပဳခ်က္ ေတာင္းခံရမည္ဟုဆို

လူသုံးဆယ္ထက္ မပိုေသာ အခမ္းအနား၊ ပြဲလမ္းသဘင္ႏွင့္ သင္တန္းမ်ား ျပဳလုပ္မည္ဆိုပါက ခြင့္ျပဳခ်က္ ေတာင္းခံရမည္ဟုဆို

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၁၈

ကခ်င္ျပည္နယ္အတြင္းတြင္ လူသုံးဆယ္္ထက္မပိုေသာ အခမ္းအနား၊ ပြဲလမ္းသဘင္ႏွင့္ သင္တန္းစသည့္ ကိစၥရပ္မ်ားေဆာင္ရြ က္မည္ ဆိုပါက သက္ဆိုင္ရာ အစိုးရအဖြဲ႕ထံခြင့္ျပဳခ်က္ ရယူရမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးမွ သိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ကိုဗစ္၁၉ ထိန္းခ်ဳပ္ကာကြယ္ေရးလမ္းစဥ္မ်ားတြင္ ယခင္က လူငါး ဦးထက္ပိုမစုရန္ တားျမစ္ ကန္႔သတ္ထားၿပီး ျသဂုတ္လ (၁၂)ရက္က ထုတ္ျပန္ခဲ့သည့္ အမိန္႔စာတြင္ လူသုံး ဆယ္ဦးအထိ စုေဝးခြင့္ေပးထားေသာေၾကာင့္ ျပည္နယ္အစိုးရအေနျဖင့္ ယခုကဲ့သို႔ခြင့္ျပဳရျခင္း ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ၫြန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္ကေျပာသည္။

”ၫြန္ၾကားခ်က္အရ ဆိုရင္ေတာ့ တခ်ိဳ႕သင္တန္းေတြဖြင့္တာရွိတယ္။ ဒီလူသုံးဆယ္ထက္ေတာ့ ပိုလို႔မရဘူး ဘာသာေရးအခမ္းအနားေတြ လုပ္မယ္ဆိုရင္ ခြင့္ျပဳခ်က္ေတာင္းရမယ္။ ၿပီးေတာ့ လက္ေဆးေဘစင္ေတြ ထားရမယ္ အပူတိုင္းတာတို႔ ေဆာင္ရြက္ထားရမယ္”ဟု ဦးေဇာ္ေဇာ္က ေျပာသည္။

ထိုသို႔ ခြင့္ျပဳခ်က္ ရယူရမည္ဆိုပါက ႏွစ္ပတ္ႀကိဳတင္ရမည္ ျဖစ္ေၾကာင္း ဦးေဇာ္ေဇာ္က ဆက္လက္ေျပာျပသည္။

”တခ်ိဳ႕ၾကေတာ့ ဘုရားေက်ာင္းေတြ၊ ဘုန္းႀကီး ေက်ာင္းေတြ၊ တရားစခန္းေတြျပန္ဖြင့္ေနတယ္ သိရတယ္။ အဲ့ဒါေတြၾကေတာ့ ခြင့္မျပဳေသးဘူး။ ဒါလည္း တရားဝင္ ခြင့္ျပဳခ်က္ေတြယူရမယ္။ ႏွစ္ပတ္ႀကိဳတင္ရမယ္”ဟု ၎ကထည့္သြင္း ေျပာဆိုခဲ့သည္။

ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ကာကြယ္ေရးလမ္းစဥ္တ္ရပ္အေနျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ဧၿပီလ ၁၆ ရက္ေန႔တြင္ လူ (၅)ဦးအထိျဖစ္ေစ၊ လူငါးဦးအထက္ျဖစ္ေစ စုေဝးျခင္း မျပဳလုပ္ရန္ အမိန္႔ထုတ္ခဲ့ၿပီး၊ ဇူလိုင္လ (၂၉)ရက္ေန႔က စတင္၍ လူ(၁၅)ဦး အထက္ စုေဝးျခင္း မျပဳရန္ေျဖေလ်ာ့ခြင့္ ျပဳေပးခဲ့ျခင္း ျဖစ္သည္။

လြမ္းေအာင္

#PeopleMedia #ျမစ္ႀကီးနား

(unicode)
လူသုံးဆယ်ထက် မပိုသော အခမ်းအနား၊ ပွဲလမ်းသဘင်နှင့် သင်တန်းများ ပြုလုပ်မည်ဆိုပါက ခွင့်ပြုချက် တောင်းခံရမည်ဟုဆို
……………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၁၈

ကချင်ပြည်နယ်အတွင်းတွင် လူသုံးဆယ်ထက်မပိုသော အခမ်းအနား၊ ပွဲလမ်းသဘင်နှင့် သင်တန်းစသည့် ကိစ္စရပ်များဆောင်ရွ က်မည် ဆိုပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေးလမ်းစဉ်များတွင် ယခင်က လူငါး ဦးထက်ပိုမစုရန် တားမြစ် ကန့်သတ်ထားပြီး သြဂုတ်လ (၁၂)ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်စာတွင် လူသုံး ဆယ်ဦးအထိ စုဝေးခွင့်ပေးထားသောကြောင့် ပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ခွင့်ပြုရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။

”ညွန်ကြားချက်အရ ဆိုရင်တော့ တချို့သင်တန်းတွေဖွင့်တာရှိတယ်။ ဒီလူသုံးဆယ်ထက်တော့ ပိုလို့မရဘူး ဘာသာရေးအခမ်းအနားတွေ လုပ်မယ်ဆိုရင် ခွင့်ပြုချက်တောင်းရမယ်။ ပြီးတော့ လက်ဆေးဘေစင်တွေ ထားရမယ် အပူတိုင်းတာတို့ ဆောင်ရွက်ထားရမယ်”ဟု ဦးဇော်ဇော်က ပြောသည်။

ထိုသို့ ခွင့်ပြုချက် ရယူရမည်ဆိုပါက နှစ်ပတ်ကြိုတင်ရမည် ဖြစ်ကြောင်း ဦးဇော်ဇော်က ဆက်လက်ပြောပြသည်။

”တချို့ကြတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ တရားစခန်းတွေပြန်ဖွင့်နေတယ် သိရတယ်။ အဲ့ဒါတွေကြတော့ ခွင့်မပြုသေးဘူး။ ဒါလည်း တရားဝင် ခွင့်ပြုချက်တွေယူရမယ်။ နှစ်ပတ်ကြိုတင်ရမယ်”ဟု ၎င်းကထည့်သွင်း ပြောဆိုခဲ့သည်။

ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးလမ်းစဉ်တ်ရပ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဧပြီလ ၁၆ ရက်နေ့တွင် လူ (၅)ဦးအထိဖြစ်စေ၊ လူငါးဦးအထက်ဖြစ်စေ စုဝေးခြင်း မပြုလုပ်ရန် အမိန့်ထုတ်ခဲ့ပြီး၊ ဇူလိုင်လ (၂၉)ရက်နေ့က စတင်၍ လူ(၁၅)ဦး အထက် စုဝေးခြင်း မပြုရန်ဖြေလျော့ခွင့် ပြုပေးခဲ့ခြင်း ဖြစ်သည်။

လွမ်းအောင်

#PeopleMedia #မြစ်ကြီးနား


Share this post