• Follow Us on
Latest News

Home လူအများအပြားစုပြုံတက်ရောက်တာကို ကာကွယ်ဖို့ ဖူဂျီတောင်တက်ခ ကောက်ခံသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရပြော

လူအများအပြားစုပြုံတက်ရောက်တာကို ကာကွယ်ဖို့ ဖူဂျီတောင်တက်ခ ကောက်ခံသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၈

ဖူဂျီတောင်တက်ရာမှာ လူအများအပြား စုပြုံတက်ရောက်ခြင်းကို ကာကွယ်ဖို့နဲ့ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ဘေးကင်း  လုံခြုံမှုကို မြှင့်တင်ဖို့အတွက် လမ်းကြောင်းလေးခုကနေ တောင်တက်ခတွေ စတင်ကောက်ယူသွား တော့မှာဖြစ်ကြောင်း ဂျပန်အစိုး ရက ပြောပါတယ်။

 

စည်းမျဉ်းအသစ်အရ လမ်းကြောင်းလေးခုကနေ ဖူဂျီတောင်တက်မယ့် ခရီးသွားတွေဟာ တစ်ဦးကို ယန်းငွေ ၄,၀၀၀ (ဘတ်ငွေ ၉၀၀ ခန့်) ပေးဆောင်ရမှာဖြစ်ပါတယ်။

 

ရည်ရွယ်ချက်ကတော့ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပြီး ခရီးသွားအများအပြား စုပြုံလာရောက်တဲ့အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုကို လျှော့ချသွားဖို့ ဖြစ်ပါတယ်။

 

ဖူဂျီတောင်တက်ဖို့ လမ်းကြောင်း လေးခုရှိရာမှာ ယာမာနာရှီစီရင်စုမှာရိတဲ့ ယိုရှီဒါလမ်းကြောင်းမှာ တောင်တက်ခ ယန်း ငွေ ၂,၀၀၀ (ဘတ်ငွေ ၄၅၀ ဝန်းကျင်) ကောက်ခံခဲ့ပြီးနောက်မှာ အခုလို လမ်းကြောင်း လေးခုစလုံး တောင်တက်ခ ကောက်ခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

အရင်က တောင်တက်ခတစ်ပြားမှ မပေးရတဲ့ အဆိုပါ လမ်းကြောင်း လေးခုစလုံးမှာ ဘယ်လမ်းကြောင်းကပဲ တက်တက် ခရီးသွားတစ်ဦးကို ယန်းငွေ ၄,၀၀၀ (ဘတ်ငွေ ၉၀၀ ခန့်) ပေးဆောင်ရမှာဖြစ်ပါတယ်။

 

အစီအစဉ်သစ်ကြောင့် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ၂၂၁၃၂၂ ဦးရှိခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်မှာ ၂၀၄၃၁၆ ဦးအထိ လျော့ကျခဲ့ပေမဲ့လည်း နှစ်ပတ်လည်ကမ္ဘာလှည့်ခရီးသွား တောင်တက်နှုန်းဟာ လူဦးရေ ၂၀၀၀၀၀ ကျော် ရှိနေဆဲဖြစ် ကြောင်း ရှီဇူအိုကာစီရင်စုအရာရှိ နတ်ဆုကိုဆိုဒေးရာမက ပြောပါတယ်။

 

“ဂျပန်နိုင်ငံမှာ နှစ်လကျော်ကာလအတွင်းမှာ လူအများအပြားကို ဆွဲဆောင်နိုင်တဲ့ တခြား ဘာတောင်မှ မရှိပါဘူူး။ ဒါ့ ကြောင့် ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကန့်သတ်ချက်တချို့ကို လုပ်လိုက်ရတာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တစ်နှစ်မှာ အချိန်အများစု နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဖူဂျီတောင်ကို နွေရာသီမှာ တောင်တက်သမားတွေ တက်ရောက်လေ့ ရှိပြီး တချို့ဆိုရင် တောင်ပေါ်ကနေ နေထွက်ချိ်န်ကို ကြည့်ဖို့အတွက် တစ်ညလုံး ခရီးကြမ်းနှင်ပြီး တောင်တက်ကြတယ် လို့ ဆိုပါတယ်။

 

ထင်ရှားလှတဲ့ ဖူဂျီတောင်ကြီးကို ဂျပန်သစ်ထွင်းပန်းချီပညာရှင် ကက်ဆုရှီကာဟိုကူဆိုင် ရေးဆွဲခဲ့တဲ့ “ကန်နာဂါဝါက မဟာလှိုင်း” ဆိုတဲ့ သစ်ထွင်းပန်းချီအပါအဝင် အနုပညာပစ္စည်းမျိုးစုံမှာ မော်ကွန်းတင်ထားခဲ့ကြပါတယ်။

 

Ref: Japan to introduce Mount Fuji climbing fee to tackle overcrowding

#PeopleMedia


Share this post