• Follow Us on

Home လူ့ဘောင်သစ်ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ မှတ်ပုံတင်ခွင့်လျှောက်ထားချက်သည် ညီညွတ်ခြင်း မရှိ၍ UEC ငြင်းပယ်

လူ့ဘောင်သစ်ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ မှတ်ပုံတင်ခွင့်လျှောက်ထားချက်သည် ညီညွတ်ခြင်း မရှိ၍ UEC ငြင်းပယ်

Share this post

နေပြည်တော်၊ သြဂုတ် ၇

 

လူ့ဘောင်သစ်ပါတီ(NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(Zomi Congress for Democracy Party) တို့၏  ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် လျှောက်ထားချက်များသည် ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိ၍ ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ထားသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် လူ့ ဘောင်သစ်ပါတီ (NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party)  တို့၏  လျှောက်ထားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း ကြေညာထားသည်။

 

ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post