• Follow Us on
Latest News

Home လူျဖဴရဲအရာရွိ အင္အားအလြန္အကၽြံသုံး၍ ေသဆုံးသြားေသာ လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံေနရ၊ ႏွလံုးေသြးရပ္မႈေၾကာင့္ ေသဆံုးျခင္းျဖစ္

လူျဖဴရဲအရာရွိ အင္အားအလြန္အကၽြံသုံး၍ ေသဆုံးသြားေသာ လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံေနရ၊ ႏွလံုးေသြးရပ္မႈေၾကာင့္ ေသဆံုးျခင္းျဖစ္

Share this post

မင္နီယာပိုလစ္၊ ဇြန္ ၄

ၿပီးခဲ့တဲ့တစ္ပတ္တနလၤာေန႔က အေမရိကန္ျပည္ေထာင္စု၊ မင္နီယာပိုလစ္ၿမိဳ႕မွာ လူျဖဴရဲအရာ႐ွိတစ္ေယာက္က အင္အားအလြန္အကၽြံသံုးခဲ့လို႔ ေသဆံုးခဲ့တဲ့လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထား ရေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးတာမဟုတ္ဘဲ ရဲအရာ႐ွိက လည္ပင္းကို ၈ မိနစ္ေလာက္ၾကာေအာင္ ဖိထားတာေၾကာင့္ ႏွလံုးေသြးရပ္ေသဆံုးခဲ့တာလို႔ ရင္ခြဲစစ္ေဆးမႈေနာက္ဆံုးအစီရင္ခံစာမွာပါ၀င္ပါတယ္။

ဖလြိဳက္ဟာ ဧၿပီ ၃ ရက္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတာလို႔ျပေနတယ္ဆိုၿပီး ဗုဒၶဟူးေန႔မွာထုတ္ျပန္ခဲ့တဲ့ ဟန္ နီပက္ခ႐ိုင္ေဆးဘက္ဆိုင္ရာစစ္ေဆးေရးမွဴး႐ံုးအစီရင္ခံစာမွာပါ၀င္ေနတာပါ။ ကူးစက္မႈေဟာင္းေၾကာင့္ ကူးစက္ ခံေနရတယ္လို႔ျပထားတာျဖစ္ႏိုင္ၿပီးေတာ့ ကေလး ၂ ေယာက္႐ွိတဲ့ဖလြိဳက္ဟာ ေသဆံုးခ်ိန္မွာ ေရာဂါလကၡဏာ မ႐ွိတာျဖစ္ႏိုင္ပါတယ္။

အခုအစီရင္ခံစာမွာ ဖလြိဳက္ေသဆံုးမႈဟာ လူသတ္မႈျဖစ္တယ္လို႔ပဲပါ၀င္ၿပီး အခုတစ္ပတ္အေစာပိုင္းမွာ ထုတ္ျပန္ ခဲ့ၿပီး သူမိသားစုေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ ရင္ခြဲစစ္ေဆးတာနဲ႔ရလဒ္တူေနေပမဲ့ ေသဆံုးရတဲ့အေၾကာင္းရင္း ကြဲ လြဲမႈ႐ွိေနပါတယ္။ သူ႔ခႏၶာကိုယ္စနစ္ထဲမွာ ဖန္တာႏိုင္းနဲ႔ မက္သာဖက္တမင္းေတြ႐ွိေနတယ္လို႔ေျပာၿပီး အဆုတ္ ေကာင္းေပးမဲ့ ႏွလံုးမွာ ေသြးလႊတ္ေၾကာေတြက်ဥ္းေနတယ္လို႔လည္း ပါ၀င္ပါတယ္။

Ref : Final autopsy report reveals George Floyd had CORONAVIRUS but died from ‘cardiopulmonary arrest’ after Minneapolis cop knelt on his neck for more than eight minutes

#PeopleMedia

(unicode)
လူဖြူရဲအရာရှိ အင်အားအလွန်အကျွံသုံး၍ သေဆုံးသွားသော လူမည်းအမျိုးသား ဂျော့ဖလွိုက် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံနေရ၊ နှလုံးသွေးရပ်မှုကြောင့် သေဆုံးခြင်းဖြစ်
……………………………………………………

မင်နီယာပိုလစ်၊ ဇွန် ၄

ပြီးခဲ့တဲ့တစ်ပတ်တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့မှာ လူဖြူရဲအရာရှိတစ်ယောက်က အင်အားအလွန်အကျွံသုံးခဲ့လို့ သေဆုံးခဲ့တဲ့လူမည်းအမျိုးသား ဂျော့ဖလွိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာမဟုတ်ဘဲ ရဲအရာရှိက လည်ပင်းကို ၈ မိနစ်လောက်ကြာအောင် ဖိထားတာကြောင့် နှလုံးသွေးရပ်သေဆုံးခဲ့တာလို့ ရင်ခွဲစစ်ဆေးမှုနောက်ဆုံးအစီရင်ခံစာမှာပါဝင်ပါတယ်။

ဖလွိုက်ဟာ ဧပြီ ၃ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာလို့ပြနေတယ်ဆိုပြီး ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ခဲ့တဲ့ ဟန် နီပက်ခရိုင်ဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူးရုံးအစီရင်ခံစာမှာပါဝင်နေတာပါ။ ကူးစက်မှုဟောင်းကြောင့် ကူးစက် ခံနေရတယ်လို့ပြထားတာဖြစ်နိုင်ပြီးတော့ ကလေး ၂ ယောက်ရှိတဲ့ဖလွိုက်ဟာ သေဆုံးချိန်မှာ ရောဂါလက္ခဏာ မရှိတာဖြစ်နိုင်ပါတယ်။

အခုအစီရင်ခံစာမှာ ဖလွိုက်သေဆုံးမှုဟာ လူသတ်မှုဖြစ်တယ်လို့ပဲပါဝင်ပြီး အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန် ခဲ့ပြီး သူမိသားစုတွေရဲ့တောင်းဆိုမှုကြောင့် ရင်ခွဲစစ်ဆေးတာနဲ့ရလဒ်တူနေပေမဲ့ သေဆုံးရတဲ့အကြောင်းရင်း ကွဲ လွဲမှုရှိနေပါတယ်။ သူ့ခန္ဓာကိုယ်စနစ်ထဲမှာ ဖန်တာနိုင်းနဲ့ မက်သာဖက်တမင်းတွေရှိနေတယ်လို့ပြောပြီး အဆုတ် ကောင်းပေးမဲ့ နှလုံးမှာ သွေးလွှတ်ကြောတွေကျဉ်းနေတယ်လို့လည်း ပါဝင်ပါတယ်။

Ref : Final autopsy report reveals George Floyd had CORONAVIRUS but died from ‘cardiopulmonary arrest’ after Minneapolis cop knelt on his neck for more than eight minutes

#PeopleMedia


Share this post