• Follow Us on
Latest News

Home လေဘာပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့အား နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက် ထားချက်ကိုခွင့်ပြု

လေဘာပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့အား နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက် ထားချက်ကိုခွင့်ပြု

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅

 

လေဘာပါတီ(Labour Party) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့အားနိုင်ငံရေးပါတီ တည် ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

 

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယမန်နေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် လေဘာပါတီ(Labour Party) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

ပါတီတည်ထောင်ခွင့်ရရှိသော လေဘာပါတီ(Labour Party) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ် ရေးပါတီတို့သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေ ၇နှင့်အညီ ကော်မရှင်သို့ နိုင်ငံပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၀ ပါတီဖြစ်ကြောင်းနှင့် တည်ထောင်ခွင့် လျှောက်ထား သည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post