• Follow Us on

Home လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကို အရှေ့အလယ်ပိုင်းကို အသော့နှင်ဖို့ အမေရိကန်အမိန့်ပေး

လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကို အရှေ့အလယ်ပိုင်းကို အသော့နှင်ဖို့ အမေရိကန်အမိန့်ပေး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃

 

ဒေသတွင်း စစ်ပွဲကြီးတစ်ပွဲဖြစ်လာမှာ စိုးရိမ်မှုတွေမြင့်တက်နေစဉ်အတွင်း လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေး အုပ်စုတစ်စုကို အရှေ့အလယ်ပိုင်းဒေသကို အမြန်သွားရောက်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်သြစ တင်က အမိန့်ပေးလိုက်ပါတယ်။

 

ပြီးခဲ့တဲ့လက ဟားမတ်စ်ခေါင်းဆောင်တစ်ဦးနဲ့ ဟစ်ဘိုလာခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့အ တွက် အီရန်နဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအုပ်စုက အစ္စရေးကို လက်စားချေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက် အဓိကမဟာမိတ်အစ္စရေးကို ကာကွယ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြသတဲ့အနေနဲ့ အမေရိကန်က အရှေ့အလယ်ပိုင်းကို စစ်အင်အားတွေ တိုးချဲ့စေလွှတ်နေတာဖြစ်ပါတယ်။

 

F-35 ဂျက်တိုက်လေယာဉ်တွေ တင်ဆောင်ထားတဲ့ ယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်း (USS Abraham Lincoln) ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုကို အရှေ့အလယ်ပိုင်းကို အမြန်ဆုံးသွား ရောက်ဖို့ သြစတင်က ညွှန်ကြားခဲ့တာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ပတ်ရိုင်ဒါက ပြောပါတယ်။

 

အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်နဲ့ တနင်္ဂနွေနေ့က စကားပြောခဲ့တဲ့ သြစတင်က ပဲ့ထိန်းဒုံးကျည် တပ် ယူအက်စ်အက်စ်ဂျော်ဂျီယာ (USS Georgia) ရေငုပ်သင်္ဘောကိုလည်း ဒေသတွင်းကို သွားရောက်ဖို့ အမိန့် ပေးထားကြောင်း ၎င်းက ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ “အရပ်သားအသေအပျောက်လျှော့ချရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး အရေးကြီးပုံနဲ့ အီရန်နဲ့ ၎င်းထောက်ပံ့ထား တဲ့အဖွဲ့တွေ ဒေသတွင်း ရန်လိုမှုကို တားဆီးရေး” တို့ကို ဆွေးနွေးခဲ့ကြကြောင်း ရိုင်ဒါက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး ခရုဇာစစ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေနဲ့ ဂျက်တိုက်လေယာဉ်တစ်အုပ်အပြင် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုကိုပါ တပ်ဖြန့်ချထားမယ်ဆို တာ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးကို ဟားမတ်စ်စစ်သွေးကြွအုပ်စုက အငိုက်ဖမ်းဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးဘက်မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး အစ္စရေးက လက်တုံ့ပြန်တိုက် ခိုက်ခဲ့တဲ့အတွက် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၃၉၇၉၀ ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်ပါ တယ်။

 

ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်စဉ် ဓားစာခံ ၂၅၁ ဦး ဖမ်းဆီးသွားခဲ့ပြီး တချို့ကို ပြန်လွှတ်လိုက်သလို သေဆုံးသွားသူ ၃၉ ဦးရှိရာ လက်ရှိအချိန်မှာ ဟားမတ်စ်တွေလက်ထဲမှာ ဓားစာခံ ၁၁၁ ဦး ကျန်ရှိ နေသေးတယ် လို့ဆိုပါတယ်။

 

Ref: US Orders Carrier Group to Hasten Middle East Arrival

 

#PeopleMedia


Share this post