လေယာဉ် ၄၅ စင်းလိုအပ်ပေမဲ့ အားလုံးဝယ်ယူသွားမှာမဟုတ်ကြောင်း THAI CEO ပြော
PUBLISHED - February 15, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (Thai Airways International – THAI) က ဖျက်သိမ်းလိုက်တဲ့ လေယာဉ် တွေကို အစားထိုးဖို့အတွက် လေယာဉ်သစ် ၄၅ စင်း လိုအပ်တာမှန်ပေမဲ့ အားလုံးကို ဝယ်ယူသွားမှာမဟုတ်ဘူး လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်းဂရူးဂရောင်းကစ်က စိုးရိမ်တကြီးမေးလာတဲ့မေးခွန်းကို ပြန်လည်ဖြေကြားရမှာ ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (THAI) ရဲ့ စီအီးအို ချိုင်းအီမ်းဆီရီက အခုလိုပြော ကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လေယာဉ်သစ် ၄၅ စင်းဝယ်ယူဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ဆိုတာ လုံးဝမသင့်တော်သေးကြောင်း သယ်ယူပို့ ဆောင်ရေးဝန်ကြီးက အင်္ဂါနေ့က ပြောပါတယ်။
လေယာဉ်သစ် ၄၅ စင်း ဝယ်ယူမယ့်အစီအစဉ်ဟာ ဒေဝါလီတရားရုံးက ထောက်ခံခွင့်ပြုထားပြီးဖြစ်တဲ့ ကုမ္ပဏီ ရဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ချိုင်းက ပြောပါတယ်။
ဖွဲ့စည်းတည်ထောင်မယ့် လေယာဉ်သစ်အုပ်စုထဲမှာ အငှားစာချုပ်ချုပ်ဆိုပြီး ငှားရမ်းအသုံးပြုသွားမယ့် လေယာဉ် အရေအတွက်တစ်ခုလည်း သင့်တော်တဲ့အချိုးတစ်ခုအဖြစ် ပါဝင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
လေယာဉ်သစ်ဝယ်ယူရေးအစီအစဉ်အသေးစိတ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပ သွားမယ့် စင်္ကာပူလေကြောင်းပြပွဲမှာ ကြေညာသွားမှာဖြစ်ကြောင်း ချိုင်းက ပြောပါတယ်။
လေယာဉ်သစ်တွေအားလုံးဝယ်ယူမယ့်အစီအစဉ်ဟာ နိုင်ငံတော်ဘဏ္ဍာရေးကို ထိခိုက်မှာဖြစ်ကြောင်း ဆူရီယာ ရဲ့ ပြောဆိုချက်ကို ပယ်ချတဲ့အနေနဲ့ “ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (THAI) အတွက် လေယာဉ်သစ်တွေ ဝယ်ယူမယ့်အရေအတွက်ဟာ ၂၀၁၃ ခုနှစ်တုန်းကရှိခဲ့တဲ့ လေယာဉ်အရေအတွက်နဲ့ အတူတူပဲဖြစ်တဲ့အတွက် လိုအပ်တဲ့လေလေယာဉ်တွေကို အစားထိုးဝယ်ယူဖို့ အရေးကြီးကြောင်း” ချိုင်းက ပြောပါတယ်။
ထိုင်းနိုင်ငံတကာလေကြောင်းလိုင်းဟာ ပြီးခဲ့တဲ့နှစ်က ဈေးကွက် ၅၁.၃% ကနေ ၂၇% အထိ လျော့ကျသွားတဲ့ သုဝဏ္ဏဘူမိလေဆိပ်က ဈေးကွက်အချိုးကို ပြန်လည်မြှင့်တက်ဖို့လည်း စီစဉ်ထားပါတယ်။
ထိုင်းနိုင်ငံတကာလေကြောင်းလိုင်းမှာ လည်ပတ်မောင်းနှင်နေတဲ့ လေယာဉ်အစီးရေပေါင်း ၁၀၀ ရှိပေမဲ့ Covid-19 ကြောင့် လေကြောင်းလိုင်းရပ်တန့်လိုက်ရသလို ကုမ္ပဏီက ပြန်လည်ထူထောင်ရေးအစီအစဉ် ဆောင်ရွက်ခဲ့ ရတဲ့အတွက် အနားပေးထားတဲ့လေယာဉ်တွေဟာ သက်တမ်းရင့်လာပြီဖြစ်ပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ စရိတ်စက ကြီးမြင့်လွန်းတယ်လို့ ချိုင်းက ပြောပါတယ်။
၂၀၂၂ ခုနှစ် ကုန်ခါနီးမှာ ထိုင်းနိုင်ငံတကာလေကြောင်းလိုင်းမှာ လေယာဉ် ၆၄ စင်းသာ ရှိတော့တဲ့အတွက် ၂၀၁၃ ခုနှစ်နှိုင်းယှဉ်ရင် ၃၅% လျော့ကျသွားတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အဲဒီလျော့နည်းမှုကို ပြန်လည်အစားထိုးဖြည့်တင်းဖို့အတွက် လေကြောင်းလိုင်းကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြားကာလမှာ လေယာဉ်တွေ စတင်ငှားရမ်းအသုံးပြုခဲ့ပါတယ်။
လေကြောင်းလိုင်းကုမ္ပဏီက လေယာဉ်ကြီး ၂၁ စင်းကိုငှားရမ်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒုတိယလေးလပတ်မှာ စတင် ရောက်ရှိလာတဲ့ လေယာဉ်အများစုဟာ Airbus 350 လေယာဉ်တွေဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် စတုတ္ထလေးလပတ်မှာ Airbus 321 လေယာဉ်တွေကို ကုမ္ပဏီက စတင်ငှားရမ်းသွားမှာဖြစ် ကြောင်း ချိုင်းကပြောပါတယ်။
Ref: Not all 45 new planes acquired will be bought, says THAI CEO
#PeopleMedia