• Follow Us on

Home လေရှီးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

လေရှီးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

Share this post

နေပြည်တော်၊ ဇူလိုင်   ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ယနေ့ နံနက် ၂ နာရီ၊ ၃၅ မိနစ်၊ ၄၅ စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၈၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၈) ဒီဂရီ၊ အနက် (၈၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း သိရသည်။

 

#PoepleMedia


Share this post