• Follow Us on
Latest News

Home လေသာကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တစန္ဒဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဝနတ်ထံ ပျံလွန်တော်မူ

လေသာကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တစန္ဒဝံသ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဝနတ်ထံ ပျံလွန်တော်မူ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ အောင်သပြေရပ်ကွက်လေသာကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တစန္ဒဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) သက်တော် (၉၅) နှစ်၊ သိက္ခာတော် (၇၅) ဝါရှိ မဟာထေရ်မြတ်သည် ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း (၉)ရက်  ည ၈ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူ ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အင်ပင်သာကျေးရွာ၊ ခမည်းတော် ဦးမြင့်၊ မယ်တော် ဒေါ်ရွှေကုံးတို့မှ ၁၂၉၁ ခုနှစ် သီတင်းကျွတ် လဆန်း (၁၃) ရက် အင်္ဂါနေ့တွင် ဖွားမြင်တော်မူခဲ့ ကြောင်း သိရသည်။

 

ဆရာတော်သည် ၁၂၉၉ ခုနှစ်တွင် အင်ပင်သာ ကျောင်းဆရာတော် ဘဒ္ဒန္တဒီပကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ် ပြာသိုလပြည့်ကျော် (၅) ရက် နေ့တွင် ကောလင်းမြို့နယ် ကံလယ်ကြီးကျောင်းခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒကို ဥပဇ္ဈာယ်ပြု၍ ကောလင်းမြို့ ဗိုလ်တဲရပ် ဦးဘိုးနီ၊ ဒေါ်မမလေး၊ ကံလယ်ကြီးရွာ ဦးသိန်း၊ ဒေါ်လှိုင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း သိရသည်။

 

ဆရာတော်သည် ရန်ကုန်မြို့ ဘုရားကြီးတိုက်၊ ကောလင်းမြို့ လေသာကျောင်းပရိယတ္တိစာသင်တိုက်တို့၌ စာပေပရိယတ်များကို သင်ကြားပို့ချတော်မူခဲ့ပြီး ပထမအကြိမ် မြို့နယ်/တိုင်း ဝိနည်းဓိုရ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ စတုတ္ထအကြိမ်၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post