လောက်ကိုင်တွင် MNDAA အဖွဲ့က မြေယာလျော်ကြေး၊ နေအိမ်လျော်ကြေးပေးခြင်းမရှိဘဲ ဗမာနေအိမ်များကို ဖျက်ဆီး ရှင်းလင်း
PUBLISHED - March 18, 2024
နေပြည်တော်၊ မတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် MNDAA အဖွဲ့က မြေယာလျော်ကြေး၊ နေအိမ် လျော်ကြေးများ ပေးခြင်းမရှိဘဲ ဗမာနေအိမ်များကို ဖျက်ဆီးရှင်းလင်းနေကြောင်း သိရသည်။
ယမန်နေ့ မတ်လ (၁၇) ရက် နံနက်ပိုင်းက MNDAA အဖွဲ့အနေဖြင့် လမ်းချဲ့ရန်အတွက်ဟုဆိုကာ လောက်ကိုင် မြို့ရှိ ဗမာတန်းကို ဘူဒိုဇာနဲ့ ဖြိုချနေခြင်းဖြစ်ပြီး တိုက်ခန်း (၈) လုံးအထိ ဖြိုချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
MNDAA အဖွဲ့အနေဖြင့် ဗမာတန်းရှိ နေအိမ်၊ ဆိုင်ခန်းများကို ဖြိုချနေသော်လည်း နစ်နာသူ ပိုင်ရှင်များအတွက် မြေယာလျော်ကြေး၊ နေအိမ်လျော်ကြေးများ ပေးဆောင်ခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့မှ စတင်ကာ MNDAA အဖွဲ့က လမ်းချဲ့ရန်အတွက်ဟုဆိုကာ ဗမာတန်းတွင် ရှိသည့် နေအိမ်အပါအဝင် ဆိုင်ခန်းပေါင်း (၆၀) ကျော်တွင် နေထိုင်သူများကို ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်။
#PeopleMedia