လောက်ကိုင်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ် ၂၀၄၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - September 18, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၈
လောက်ကိုင်မြို့နယ်၊ မူကွာကျိုင်းကျေးရွာ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ် ၂၀၄၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ ၁၂ နာရီအချိန်က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လောက်ကိုင်မြို့နယ်၊ မူကွာကျိုင်းကျေးရွာနေ လီချုံးဟော်၏ နေအိမ်အား ဝင်ရောက်ရှာ ဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၅.၆၂ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄၃ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀)တို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လီချုံးဟော် (၆၀) နှစ်အား လောက်ကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
#PeopleMedia