လောက်ကိုင်မြို့မှပြန်လာသည့် အမျိုးသား ၇ ဦးကို MNDAA အဖွဲ့မှ စစ်မှုထမ်းရန်ဖမ်းဆီး

PUBLISHED - December 6, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် အမျိုးသား ၇ ဦးကို MNDAA အဖွဲ့က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရှမ်းအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် နိုဝင်ဘာလ ၂၄ ရက်တွင် ထွက်ခွာလာသည့် အမျိုးသား ၇ ဦးသည် ချင်း ရွှေဟော်မြို့သို့ မရောက်မီ နိုဝင်ဘာ ၂၅ ရက်နေ့တွင် MNDAA မှ စစ်မှုထမ်းရန် ခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ လားရှိုးမြို့မှ စိုင်းလျန်းဟန် ၂၀ နှစ်၊ စိုင်းအိုက်နော် ၁၈ နှစ်၊ စိုင်းအိုက်လောဝ် ၂၆ နှစ်၊ မောင်ညီကား ၁၉ နှစ်နှင့် ကချင်ပြည်နယ် မံစီမြို့နယ်မှ စိုင်းအောင်လှိုင်း ၂၇ နှစ်၊ စိုင်းလှိုင်း ၂၆ နှစ်၊ မောင် နော်ဂွန်း ၂၀ နှစ်တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သိန္နီမြို့နယ်တွင် အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို MNDAA အဖွဲ့မှ ဖမ်းဆီးသွားခဲ့သေးကြောင်း ရှမ်းအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
#PeopleMedia