• Follow Us on

Home လောက်ကိုင်မြို့ရှိ ဗမာတန်းကို ဖယ်ရှားရန် MNDAA အကြောင်းကြား

လောက်ကိုင်မြို့ရှိ ဗမာတန်းကို ဖယ်ရှားရန် MNDAA အကြောင်းကြား

Share this post

နေပြည်တော်၊ မတ် ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ပေါင်ဖုန်းလမ်း(ခ)ဗမာတန်းရှိ အိမ်ခြေ ၆၀ ကျော် ဖယ်ရှားရန် MNDAA အဖွဲ့မှ မတ်လ ၉ ရက်တွင် အကြောင်းကြားထားကြောင်း ဒေသခံများက ပြောဆိုကြသည်။

 

လောက်ကိုင်မြို့တွင် မြို့သာယာလှပရေးအတွက် လမ်းတိုးချဲ့မည်ဟုဆိုကာ ဗမာတန်းရှိ နေအိမ်များနှင့် ဆိုင်ခန်းများ ၆၀ ကျော်ကို သုံးရက်အတွင်း ဖယ်ရှားခိုင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“အိမ်တလုံးပိုင်ဆိုင်ဖို့ ကိုယ့်သက်တမ်းတဝက်ကို ကြိုးစားရုန်းကန်ရှာဖွေ စုဆောင်းပြီးမှ ရလာတာပါ။ နေရာ လေးတခု လုပ်စားစရာ ဆိုင်လေးရှိပြီဆိုပြီး ပျော်နေတာ နေမတောင်မနေလိုက်ရသေးတဲ့ အိမ်လေး သုံးရက်ပဲ အချိန်ပေးမယ်တဲ့ မခံစားနိုင်ဘူး။ သူများဆီမှာ အိမ်ငှါးဘဝနဲ့ နှစ်ဆယ်ချီနေလာရတဲ့ ခံစားချက်ကို လောက် ကိုင်မှာ နေဖူးသူတိုင်းသိတယ်” ဟု လောက်ကိုင်မြို့နေထိုင်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် ပြော ထားသည်။

 

အဆိုပါ လမ်းရှိ ဆိုင်အများစုသည် ဗမာဆိုင်များ ဖြစ်ကြောင်း၊ ထိုသို့ ဖယ်ရှားခိုင်းခြင်းကြောင့် ဗမာတန်းနေထိုင် သူများသည် စိတ်ဆင်းရဲနေရကြောင်း၊ ခေတ္တဆက်လက်နေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း MNDAA မှ လက်မခံကြောင်း ဒေသခံများက ပြောဆိုသည်။

 

တချို့ ဒေသခံများမှာ စတင်ပြောင်းရွှေ့နေကြပြီး၊ ဗမာတန်းတွင် အနယ်နယ်အရပ်ရပ် လာရောက် အလုပ်လုပ် ကိုင်သူများ အများဆုံးနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post