• Follow Us on
Latest News

Home လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေး

လောင်းကစားနှင့် လိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေး

Share this post

နေပြည်တော်၊ ဩဂုတ် ၂၃

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး Mr. Heuangseng Khamdalavong တို့နှင့်အတူ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပြီး ဒေသတွင်း လောင်းကစားနှင့် လိမ်လည်မှု ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့‌ကြောင်း သိရသည်။

 

လက်ရှိတွင် ဒေသတွင်း၌ လောင်းကစားနှင့် လိမ်လည်မှုပြဿနာများ ဆိုးရွားလျက်ရှိပြီး တရုတ်၊ ထိုင်း၊ လာအို အပါအဝင် ဒေသတွင်းနိုင်ငံများမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်လျက်ရှိသည်ဟု သုံးနိုင်ငံမှ တညီတညွတ်တည်း ယူဆကြသည်။ မြန်မာနိုင်ငံရှိ သုံးနိုင်ငံမှ သံရုံးများသည် ယင်းအပေါ် များစွာဂရုပြုလျက်ရှိပြီး လုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

သက်ဆိုင်ရာ အကူအညီတောင်းခံခြင်း စသည့်တောင်းဆိုချက်များအတွက် သုံးနိုင်ငံမှ သံရုံးများသည် မြန်မာ နိုင်ငံနှင့် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်ပြီး ရှာဖွေစစ်ဆေးကယ်ဆယ်မှုများ ဆောင်ရွက်ကာ လောင်း ကစားနှင့် လိမ်လည်မှုများ လုပ်ဆောင်နေသည့်အုပ်စုများကို တိုက်ဖျက်နိုင်စွမ်း ပိုမိုအားကောင်းလာစေရန် မြန်မာနိုင်ငံ အား ကူညီပေးလျက်ရှိ‌ကြောင်း သိရသည်။

 

မကြာသေးမီက တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပ၍ ဒေသတွင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ရာဇ ဝတ်မှုများ၊ ယင်းမှတစ်ဆင့်ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စသည့် ရာဇဝတ်မှုများကိုအထူးပူးပေါင်းတိုက်ဖျက်မှုများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံရှိ သုံးနိုင်ငံမှသံရုံးများသည် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်၍ မြန်မာနိုင်ငံနှင့် သုံးနိုင်ငံမှ သက်ဆိုင်ရာဌာနများ အကြား သက်ဆိုင်ရာသဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် ထောက်ခံအားပေး ကာ ပြင်းထန်သော တိုက်ဖျက်မှုလုပ်ငန်းများဆောင်ရွက်ပြီး သက်ဆိုင်ရာရာဇဝတ်မှုဖြစ်ပွားမှုများ မြင့်မားလာ မှုအခြေအနေကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ကြောင်း သုံးနိုင်ငံမှ အလေးပေးပြောကြားခဲ့သည်။

 

#PeopleMedia


Share this post