လောင်းလုံမြို့နယ်ရှိ သာဂရမြို့ဟောင်းကို စစ်သွေးကြွ NUG/PDF က တော်လှန်ရေးအတွက်ဟုဆိုကာ မြို့ရိုးကို ဘက်ဟိုးဖြင့် ဖြိုပြီး အိမ်ရာကွက် ဖော်ထုတ်ရောင်းချနေ

PUBLISHED - February 17, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာရှိ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိသည့် သာဂရမြို့ဟောင်းကို စစ်သွေးကြွ NUG/PDF က တော်လှန်ရေးအတွက်ဟုဆိုကာ မြို့ရိုးကို ဘက်ဟိုးဖြင့် ဖြိုပြီး အိမ်ရာကွက် ဖော်ထုတ်ရောင်းချနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅)ရက်က NUG/PDF အဖွဲ့ဝင်များသည် လုံခြုံရေးရယူကာ ဘတ်ဟိုးနှစ်စီးဖြင့် သာဂရမြို့ဟောင်းမြို့ရိုးများကို ဖြိုချနေပြီး မြေသယ်ကားများဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။
သာဂရမြို့ဟောင်း မြို့ရိုး၏ ခြေရင်းက ပေ (၂၀)ခန့်ရှိရာ ပေ (၄၀) (၆၀) အကွက်များဖြစ်လာစေရန် ပထမမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားရှိ ကျုံးထဲသို့ မြေများဖို့ထည့်ကာ NUG/PDF အဖွဲ့ဝင်များအနေဖြင့် အကွက်ရိုက်ရောင်းစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
(၂၀၂၄) ခုနှစ်ကလည်း NUG/PDF အဖွဲ့ဝင်များအနေဖြင့် သာဂရမြို့ဟောင်း၏ တောင်ဘက်ရှိ ဒုတိယမြို့ရိုး အချို့ကို ဖြိုချပြီး မြေအကွက်ရိုက်ကာ ရောင်းချမှုများရှိခဲ့သည်။
သာဂရမြို့ဟောင်းကို ခရစ်နှစ် (၇၅၁)ခုနှစ်တွင် သမန္တမင်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိနေပြီဖြစ်ကာ အကြောင်းအမျိုးမျိုးပြပြီး ဖျက်ဆီးခံနေရသည်ကို လျှော့ချနိုင်ရန် (၂၀၁၂) ခုနှစ်တွင် နိုင်ငံတော်မှ သာဂရမြို့ဟောင်းအား ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
#PeopleMedia