• Follow Us on

Home လောင်းလုံးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရ

လောင်းလုံးမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာတွင်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၈ ရက် ည ၆:၁၀ အချိန်တွင် ဝေဒီကျေးရွာတွင် နေသည့် ဦးဝင်းနိုင်၏ နေအိမ်သို့ PDF များရောက်ရှိ လာပြီး ထိုနေအိမ်ခြံဝန်းအတွင်းရှိနေသည့် ဦးဝင်းနိုင်ကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရ သည်။

 

ထိုပစ်ခတ်ခံရသည့် ဦးဝင်းနိုင်မှာ အသက် (၅၄) နှစ်ရှိပြီး PDF များ၏ ပစ်ခတ်မှုကြောင့် ညာဘက်လက်မောင်း၊ ညာဘက်တံတောင်ဆစ်နှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိ၍ ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post