လောင်းလုံးမြို့အတွင်းသို့ PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရ
PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့အတွင်းသို့ PDF အဖွဲ့ဝင်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ် ခတ်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံးပြီး ကလေးငယ် (၄) ဦး အပါအဝင် (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ (၂၁) ရက် နံနက် (၉) နာရီခန့်က PDF အဖွဲ့ဝင်များသည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ထွက်ခွါသွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် မီတာ (၁၁၀၀) ခန့်အရောက်တွင် လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်မှုကြောင့် လောင်းလုံးမြို့ (ခ) ရပ်ကွက်၊ အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေး ကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်တန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။
ယင်းအပြင် အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ကလေးငယ် (၄) ဦးအပါအဝင် စုစုပေါင်း (၈) ဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုပေးနေကြောင်း သိရ သည်။
#PeopleMedia