လော့ဟိမာတင်ကုမ္ပဏီက ရိုမေးနီးယားနိုင်ငံမှာ F-16 ဂျက်တိုက်လေယာဉ်သင်တန်းကျောင်းဖွင့်လှစ်မည်
PUBLISHED - September 5, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၅
ရိုမေးနီးယားနိုင်ငံမြို့တော် ဘူးခရက်စ်မှာ ဥရောပ F-16 ဂျက်တိုက်လေယာဉ်သင်တန်းကျောင်းဖွင့်လှစ်ဖို့ လော့ ဟိမာတင်ကုမ္ပဏီဟာ ရိုမေးနီးယားအစိုးရ၊ နယ်သာလန်အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
အဲဒီသင်တန်းကျောင်းဟာ F-16 ဂျက်တိုက်လေယာဉ်တွေမောင်းနှင်ပျံသန်းနေတဲ့ ရိုမေးနီးယားလေသူရဲတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတို့အတွက် တိကျသေချာအောင်ဆောင်ရွက်ရာမှာ အထောက်အကူပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီသင်တန်းကနေ ယူကရိန်းအပါအဝင် တခြားဥရောပနိုင်ငံတွေက လေသူရဲတွေကိုလည်း လေ့ကျင့် သင်ကြားမှုတွေ တိုးမြှင့်ပေးသွားနိုင်မှာဖြစ်ပါတယ်။
လေကြောင်းပိုင်နက်တွေကို ကာကွယ်ဖို့နဲ့ နေတိုးအဖွဲ့ရဲ့ ပေါင်းစပ်ထားတဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်ဆင်ရေး တွေမှာ အထောက်အကူပြုနိုင်ဖို့အတွက် ဥရောပတစ်ခွင်မှာ F-16 ဂျက်တိုက်လေယာဉ်တွေ ရာနဲ့ချီပြီး တပ်ဖြန့် ချထားကြောင်း လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။
ဒေသတွင်းအခုလို လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုထူထောင်တာဟာ ပြည့်စုံတဲ့ F-16 ဂျက်တိုက်လေ ယာဉ်သင်တန်းကတစ်ဆင့် ဥရောပမိတ်ဖက်နိုင်ငံတွေရဲ့ စစ်ဆင်ရေးအသင့်ဖြစ်မှုကို ပိုမိုမြှင့်တင်သွားမှာဖြစ် တယ်လု့ိ ဆိုပါတယ်။
“အမေရိကန်ပြည်ထောင်စု၊ ဥရောပတိုက်၊ နေတိုးအဖွဲ့နဲ့ ကမ္ဘာတစ်ဝန်းက မဟာမိတ်နိုင်ငံတွေအတွက် F-16 ဂျက်တိုက်လေယာဉ်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမှာဖြစ်ပါတယ်။ လော့ဟိမာ တင်ကုမ္ပဏီအနေနဲ့ ဥရောပ F-16 ဂျက်တိုက်လေယာဉ်သင်တန်းကျောင်းဖွင့်လှစ်ဖို့အတွက် နယ်သာလန်နိုင်ငံ၊ ရိုမေးနီးယားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ဂုဏ်ယူပါတယ်။” လို့ လော့ဟိမာတင်ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ အိုဂျေဆန်းရှက်က ပြောပါတယ်။
အဲဒီသင်တန်းကျောင်းကို ဘူလ်ဂေးရီးယားနယ်စပ်အနီးမှာရှိတဲ့ ရိုမေးနီးယားနိုင်ငံရဲ့ အမှတ် ၈၆ “Lieutenant Aviator Gheorghe Mociorniță” လေတပ်အခြေစိုက်စခန်းမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရက ဒိန်းမတ်နဲ့ နယ်သာလန်အစိုးရတို့ကို ယူကရိန်းနိုင်ငံကို စတုတ္ထမျိုးဆက်ဂျက်တိုက်လေ ယာဉ်တွေ တင်ပို့ခွင့်ပြုလိုက်ပြီးနောက်မှာ အခုလို ရိုမေးနီးယားနိုင်ငံမြို့တော် ဘူးခရက်စ်မှာ ဥရောပ F-16 ဂျက်တိုက်လေယာဉ်သင်တန်းကျောင်းဖွင့်လှစ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒိန်းမတ်နဲ့ နယ်သာလန်က ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ် ၆၁ စင်း လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ဥရောပနိုင်ငံတချို့ကတော့ ယူကရိန်းလေသူရဲတွေကို F-16 ဂျက်တိုက်လေယာဉ် မောင်းနှင်ထိန်းသိမ်းနည်း သင်တန်းတွေကို စတင်ပို့ချပေးနေပြီဖြစ်ပါတယ်။
ယူကရိန်းလေသူရဲတွေကိုတော့ နည်းပြတွေငှားရမ်းပြီးတာနဲ့ မကြာခင်မှာပဲ သင်တန်းတွေ စတင်ပို့ချသွားမှာဖြစ် ကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Ref: Lockheed Martin to Establish European F-16 Training Center in Romania
#PeopleMedia