• Follow Us on

Home လေးမျက်နှာမြို့နယ်တွင် PDF စခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်ရာ PDF အလောင်း (၇) လောင်းနှင့် လက် နက်ခဲယမ်းများ သိမ်းဆည်းရမိ

လေးမျက်နှာမြို့နယ်တွင် PDF စခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်ရာ PDF အလောင်း (၇) လောင်းနှင့် လက် နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခြုံတောင်အနီးတွင် စခန်းချနေသည့် PDF စခန်း တစ်ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ရာ PDF အလောင်း (၇) လောင်းနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၁၉) ရက် နံနက်ပိုင်းက ခြုံတောင်အနီးရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၇) ဦး သေဆုံးသွားသည်။

 

သေဆုံးသွားသည့် PDF အဖွဲ့ဝင်များသည် လူငယ်နှင့် လူလတ်ပိုင်းများဖြစ်ကြပြီး လေးမျက်နှာမြို့ဒေသခံများ မဟုတ်ကြောင်း သိရသည်။

 

ယင်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အဖွဲ့ဝင်များ၏ M- 4 သေနတ် (၂)လက်၊ လက်လုပ် ကိုးလုံးထိုးသေနတ် (၃)လက်၊ ၉၁ ဗုံးသီး (၁)လုံး၊ ရှို့ပစ်လက်ပစ်ဗုံး (၈)လုံး၊ ၅.၅၆ ကျည် (၄၀၀)တောင့်၊ ကိုးလုံးကျည်(၁၂ ဗို့ကျည်) (၂၄)တောင့်၊ M-4 ကျည်အိမ် (၇)ခု၊ PDF အလံ ၃ ခု၊ PDF တံဆိပ် ၁ ခု၊ ၁၀ ပတ်လည် လူနေတဲ (၄)လုံး၊ မီးဖို ဆောင်တဲ (၁)လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ PDF အဖွဲ့များ စိမ့်ဝင်ရပ်တည်မှု မရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia


Share this post