• Follow Us on

Home လျှပ်စစ်ကဏ္ဍသည် မြန်မာအတွက်အခြေခံကျသည့်လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအတွက် လည်း အရေးကြီးသဖြင့် အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်းဆောင်ရွက်နေ

လျှပ်စစ်ကဏ္ဍသည် မြန်မာအတွက်အခြေခံကျသည့်လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအတွက် လည်း အရေးကြီးသဖြင့် အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်းဆောင်ရွက်နေ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉

 

လျှပ်စစ်ကဏ္ဍသည် မြန်မာနိုင်ငံအတွက်အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှု အတွက်လည်း အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်သည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ် ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဆိုင်ရာဖိုရမ် (GMS Economic Corridor Governors Forum) ၏ ဒုတိယနေ့အဖြစ် GMS Projects Roadshow နှင့် လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် (Lincang Border Economic Cooperation Zone) ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအခမ်းအနားသို့ တက် ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထူထောင်ဆောင်ရွက်မှု သည် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဟုယုံကြည် ကြောင်း၊ မြန်မာနိုင်ငံအတွင်းတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၇ ခု၊ ပမာဏအားဖြင့် အမေရိ ကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံတန်ဖိုးရှိရာစုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် လျှပ်စစ်ကဏ္ဍတွင် အများဆုံးဝင်ရောက်ခြင်းဖြစ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆိုပါကဏ္ဍကို အားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ် ကဏ္ဍသည် မြန်မာနိုင်ငံအတွက်အခြေခံကျသည့် လိုအပ်ချက်တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအတွက် လည်း အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အထူးကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ပြောသည်။

 

တရုတ်နိုင်ငံ၏ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကွမ်းလုံတံတားတည်ဆောက်ရေး စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာတင်ပို့နိုင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို အတိုင်းအတာတစ်ခုအထိ ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ရှိ International Aquatic Products Processing Industrial Park စီမံကိန်းသည်လည်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသတစ် လျှောက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ကြောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ်ကဏ္ဍ အပါအဝင် စိုက်ပျိုးရေး၊ ဇီဝဆေးပညာ၊ ရေနေသတ္တဝါ၊ အအေးထိန်းပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကသတ် မှတ်ထားသည့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများဖြစ်သဖြင့် အဆိုပါကဏ္ဍများတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးပေးရန်မျှော် လင့်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post