လျှပ်စစ်ကားစက်ရုံဆောက်မယ့် တက်ဆလာကုမ္ပဏီ ထိုင်းနိုင်ငံမှာ မြေရရှိရေး အခက်အခဲနဲ့ ရင်ဆိုင်နေရ
PUBLISHED - March 12, 2024
နိုင်ငံတကာ၊ မတ် ၁၂
ထိုင်းနိုင်ငံမှာလျှပ်စစ်ကားစက်ရုံတစ်ရုံ တည်ဆောက်ဖို့ စီစဉ်နေတဲ့ အမေရိကန်အခြေစိုက် ကားကုမ္ပဏီကြီးဖြစ် တဲ့ တက်ဆလာကုမ္ပဏီ (Tesla) ဟာ မြို့ပြစီမံကိန်းစိန်ခေါ်မှုကြောင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာ နိုင်ဖွယ်ရှိတယ်လို့ The Nation မှာ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တက်ဆလာကုမ္ပဏီရုံးချုပ်မှာ ကုမ္ပဏီအမှုဆောင်အရာရှိတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကားစက်ရုံတစ်ရုံတည်ထောင်သွားမှာဖြစ်ကြောင်း တက်ဆလာကုမ္ပဏီက အခုနှစ် ပထမသုံးလ ပတ်မှာ ကြေညာသွားမယ်လို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
တက်ဆလာကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ ဝန်ကြီးချုပ်ဆရက်ထာဦးဆောင်တဲ့အဖွဲ့နဲ့ ဆွေးနွေးပြီးနောက် စက်ရုံဆောက်ဖို့ မြေနေရာကို ထိုင်းနိုင်ငံထဲမှာ ကွင်းဆင်းလေ့လာခဲ့ကြောင်း ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ပြည် တွင်း မီဒီယာ Thansettakij မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြေရရှိမှုမလုံလောက်တဲ့အတွက် မြေ ၂၀၀၀ ရိုင် (၃၂၀ ဟက်တာ) အကျယ်အဝန်းမှာ စက်ရုံတစ်ရုံ ဆောက်ဖို့ ခက်ခဲမှာဖြစ်ကြောင်း တက်ဆလာကုမ္ပဏီက ပြောတယ်လို့ ဆိုပါတယ်။
“မြေ အကျယ်အဝန်း ၁၀၀၀-၂၀၀၀ ရိုင်ဆိုတာက စက်မှုဇုံတစ်ခုတည်ဆောက်ဖို့ လိုအပ်တဲ့မြေမျိုးဖြစ်နေလို့ အခု ကိစ္စက ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ တရုတ် BYD ကုမ္ပဏီဆိုရင် သူတို့စက်ရုံဆောက်ဖို့အတွက် မြေ ရိုင် ၆၀၀ (၉၆ ဟက်တာ) ကိုပဲ အသုံးပြုပြီး ဒီပြဿနာကို ဖြေရှင်းသွားပါတယ်။” လို့ သတင်းရင်းမြစ်တစ်ဦးက ပြော ပါတယ်။
တက်ဆလာကုမ္ပဏီက ဘန်ကောက်၊ လက်ကရာဘန်းခရိုင်ထဲမှာ မြေကွက်ငယ်တစ်ကွက်ကို စဉ်းစားထားပေမဲ့ မြို့ပြစီမံကိန်းနဲ့ ပတ်သက်ပြီး ပြဿနာကို အစဖော်ထုတ်ခြင်းမရှိဘဲ သဘောတူညီချက်တစ်ရပ်ကို ပယ်ဖျက်နိုင် သလားဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ ချန်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စဟာ စက်မှုဇုံမြို့တည်ဆောက်ရေးပြဿာနဲ့ ဆက်စပ်နေတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အစိုးရ တည်ဆောက်ပြုပြင်ရေး/ မြို့ပြနဲ့ ကျေးလက်တည်ဆောက်ရေး စီမံကိန်းဦးစီးဌာနနဲ့ ဆွေးနွေးဖို့ စက်မှုဝန်ကြီး ပမ်းပတ္တရာဝီချိုင်ကူလ်ကို ညွှန်ကြားထားကြောင်း အစိုးရအိမ်တော်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စက်မှုမြို့တော်စီမံကိန်းနဲ့ ဆက်နွယ်နေတဲ့ စီမံချက်တွေကို အားပေးထောက် ပံ့မှု မရှိကြောင်း ရင်းနှီးမြှုပ်နံှသူတွေက တိုင်ကြားလာပြီးနောက်မှာ အခုပြဿနာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါ တယ်။
“ဥပမာ ပြောရရင် ဂျပန်ရင်းနှီးမြှုပ်နှံသူတစ်ဦးက တူးမြောင်းတစ်ခုဖောက်လုပ်ဖို့ှု အဆိုပြုခဲ့ပေမဲ့ လူထုက လက်မ ခံဘဲ ကန့်ကွက်ခဲ့ကြတယ်။ ဒါ့အပြင် တက်ဆလာကုမ္ပဏီက လျှပ်စစ်ကားစက်ရုံတစ်ခုတည်ဆောက်မယ်ဆိုရင် မြေ အကျယ် ရိုင် ၂၀၀၀ အထိ လိုချင်တယ်။ ဒါပေမဲ့ မြို့ပြစီမံကိန်းက အဲဒါကို လက်မခံဘူးဖြစ်နေတယ်။” လို့ အစိုးရအိမ်တော်က ပြောပါတယ်။
Ref: Tesla hits planning challenge in effort to build Thai factory
#PeopleMedia