• Follow Us on

Home လျှပ်စစ်ကားထုတ်လုပ်ရေးကိုထောက်ပံ့ပေးမယ့် လစ်သီယမ်သတ္တုသိုက်ကြီး ထိုင်းနိုင်ငံ ဖန်းငါးပြည်နယ်မှာ တွေ့ရှိကြောင်း ထိုင်းစက်မှုဝန်ကြီးဌာနပြော

လျှပ်စစ်ကားထုတ်လုပ်ရေးကိုထောက်ပံ့ပေးမယ့် လစ်သီယမ်သတ္တုသိုက်ကြီး ထိုင်းနိုင်ငံ ဖန်းငါးပြည်နယ်မှာ တွေ့ရှိကြောင်း ထိုင်းစက်မှုဝန်ကြီးဌာနပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉

 

ထိုင်းနိုင်ငံ ဖန်းငါးပြည်နယ်က သတ္တုတွင်းနှစ်ခုမှာ ဒေသတွင်း လျှပ်စစ်ကားထုတ်လုပ်မှုဗဟိုချက်မဖြစ်လာဖို့ နိုင်ငံရဲ့ရည်မှန်းချက်ကိုထောက်ပံ့ပေးမယ့် လစ်သီယမ်သတ္တု တန်ချိန် ၁၄.၈ သန်းအထိ ထုတ်လုပ်နိုင်မှာဖြစ် ကြောင်း ထိုင်းစက်မှုဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။

 

ဖန်းငါးပြည်နယ်ထဲက ရန်းကီးယတ်သတ္တုတွင်းနဲ့ ဘန်းအီတူသတ္တုတွင်းတို့ကနေ ထိုင်းနိုင်ငံအတွက်လိုအပ်တဲ့ လစ်သီယမ်သတ္တုတွေ ထုတ်လုပ်ပေးနိုင်စွမ်းရှိတယ်ဆိုတာ စက်မှုဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ကြောင်း အစိုးရပြောခွင့်ရဒုတိယပုဂ္ဂိုလ် ရတ်ကလာအိုအင်သာရောင်း ဆူဝန်ကီရိက ပြောပါတယ်။

 

လစ်သီယမ်သတ္တုဟာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီပြုလုပ်ရာမှာ အဓိကအစိတ်အပိုင်းဖြစ်ပြီး လျှပ်စစ် ကားဘက်ထရီဟာ လျှပ်စစ်ကားထုတ်လုပ်ရာမှာ အဓိကကုန်ကျစရိတ်အများဆုံးဖြစ်တယ်လို့ သိထားကြပါ တယ်။

 

ဖန်းငါးပြည်နယ်မှာ အခုလို အရွယ်အစားကြီးမားတဲ့ လစ်သီယမ်သတ္တုသိုက်ကြီးရှာဖွေတွေ့ရှိလိုက်တဲ့အတွက် ထိုင်းနိုင်ငံဟာ ဘိုလီးဗီးယားနဲ့ အာဂျင်တီးနားပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် လစ်သီယမ်သတ္တုအရင်းအ မြစ် အကြီးမားဆုံးရှိတဲ့နိုင်ငံဖြစ်သွားကြောင်း ရက်ကလာအိုက ပြောပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသမှာလည်း ဆိုဒီယမ်သတ္တုသိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိထားကြောင်း ၎င်းက ပြောပါတယ်။

 

ဆိုဒီယမ်သတ္တုဟာလည်း ဈေးနှုန်းသက်သာတဲ့ လျှပ်စစ်ကားဘက်ထရီပြုလုပ်ရာမှာ အသုံးပြုနိုင်တယ်လို့ဆိုပါ တယ်။

 

အခုလို လစ်သီယမ်သတ္တုသိုက်ကြီးနဲ့ ဆိုဒီယမ်သတ္တုသိုက်ကြီးနှစ်ခုကို ရှာဖွေတွေ့ရှိတဲ့အတွက် အရှေ့တောင် အာရှဒေသအတွက် လျှပ်စစ်ကားထုတ်လုပ်မှုဗဟိုချက်မဖြစ်လာဖို့ ထိုင်းနိုင်ငံရဲ့ ရည်ရွယ်ချက်ကို အောင်မြင် အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံရဲ့ အသင့်ပြင်ဆင်ထားမှုကို မြှင့်တ်ငပေးလိုက်တာပဲ ဖြစ်ကြောင်း ရက်ကလာအိုက ပြောပါတယ်။

 

ဒီလစ်သီယမ်သတ္တုအရင်းအမြစ်ကြီးတွေ့ရှိတာကြောင့် လျှပ်စစ်ကားတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချ နိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ နောက်ထပ်လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတေကွ ပိုမို ယုံကြည်လာကြလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။

 

လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ လေးငါးခု ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့ကြပြီး နောက် ဝန်ကြီးချုပ်ဆရက်ထာဦးဆောင်တဲ့အစိုးရဟာ လက်ရှိအချိန်မှာ တက်ဆလာကုမ္ပဏီ ထိုင်းနိုင်ငံမှာ စက်ရုံလာဖွင့်ဖို့ စည်းရုံးနေပါတယ်။

 

Ref: Industry Ministry affirms Phang Nga can produce 14.8 million tonnes of lithium

 

#PeopleMedia


Share this post