• Follow Us on

Home လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်

Share this post

နေပြည်တော်၊ ဩဂုတ် ၃၀

 

လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

 

နိုင်ငံတော်၏ လူမှုဘဝဖွံဖြိူးတိုးတက်စေရေးနှင့် စီးပွားရေးဖွံဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အား ရရှိရေးသည် အဓိကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံးကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်စရိတ် မြင့်မားလာသဖြင့် ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာမှ အသိပေးထားသည်။

 

သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပေဒပုဒ်မ ၄၁နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန် ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄)၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်းများများကို ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာမှ သိရသည်။

 

ပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနှုန်းထားများသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post