• Follow Us on

Home လျှပ်စစ်ပစ်ကပ်ထရပ်ကားထုတ်လုပ်ဖို့ ထိုင်းနိုင်ငံမှာ အစ်ဇူးဇူးကုမ္ပဏီက ဒေါ်လာ ၁.၃ ဘီလျံ ရင်းနှီးမြှုုပ်နှံမည်

လျှပ်စစ်ပစ်ကပ်ထရပ်ကားထုတ်လုပ်ဖို့ ထိုင်းနိုင်ငံမှာ အစ်ဇူးဇူးကုမ္ပဏီက ဒေါ်လာ ၁.၃ ဘီလျံ ရင်းနှီးမြှုုပ်နှံမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉

 

လာမယ့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံမှာ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ဘတ်ငွေ ၃၂ ဘီလျံ (ဒေါ်လာ ၁.၃ ဘီလျံ) ရင်းနှီးမြှုုပ်နှံသွားဖို့ စီစဉ်ထားကြောင်း အစ်ဇူးဇူးမော်တော်ကားကုမ္ပဏီက ကြေညာ လိုက်ပါတယ်။

 

၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ပထမဦးဆုံးဆောင်ရွက်သွားဖို့ အစီအစဉ်ဆွဲထားတဲ့ လျှပ်စစ်ပစ်ကပ်ထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်းမှာ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို အသုံးပြုသွားမှာဖြစ်ကြောင်း အစ်ဇူးဇူးကုမ္ပဏီက ပြောပါ တယ်။

 

အခုလို လျှပ်စစ်ပစ်ကပ်ထရပ်ကားတွေထုတ်လုပ်မယ့် အစ်ဇူးဇူးကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ဟာ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုကို လျှော့ချသွားဖို့အတွက် ကုမ္ပဏီ ကတိကဝတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို အကောင်အထည် ဖော်ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။

 

အစ်ဇူးဇူးကုမ္ပဏီဟာ အရှေ့တောင်အာရှမှာ လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် ဈေးကွက်ချဲ့ထွင်သွားဖို့ကို လည်း ရည်မှန်းထားပါတယ်။

 

အစ်ဇူးဇူးကုမ္ပဏီကထုတ်လုပ်မယ့် လျှပ်စစ်ပစ်ကပ်ထရပ်ကားဟာ ကီလိုမီတာ ၄၀၀ အထိ မောင်းနှင်နိုင်တဲ့ လစ်သီယန်ဘက်ထရီတစ်လုံးတပ်ဆင်ထားတဲ့ Isuzu D-Max pickup ကားကို အခြေခံထုတ်လုပ်သွားမှာဖြစ် ပါတယ်။

 

အစ်ဇူးဇူးကုမ္ပဏီဟာ လျှပ်စစ်ပစ်ကပ်ထရပ်ကားတွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီအစုစပ်လုပ်ငန်းတွေ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

ကုန်ပစ္စည်းတွေနဲ့ လူတွေ သယ်ယူပို့ဆောင်ဖို့အတွက် အားထားရလောက်ပြီး အရည်အသွေးပြည့်ဝတဲ့ ယာဉ် တွေလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အဲဒီလျှပ်စစ်ပစ်ကပ်ထရပ်ကားတွေက သင့်တော်လိမ့်မယ်လို့ အစ်ဇူးဇူးကုမ္ပဏီက ယုံကြည်ထားပါတယ်။

 

လျှပ်စစ်ပစ်ကပ်ထရပ်ကားထုတ်လုပ်ရေးမှာ အခုလို ရင်းနှီးမြှုပ်နံှလိုက်တာဟာ အစ်ဇူးဇူးကုမ္ပဏီနဲ့ ထိုင်းကား ထုတ်လုပ်ရေးလုပ်ငန်းအတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ရှုမြင်ထားကြပါတယ်။

 

ဒါ့အပြင် အခုရင်းနှီးမြှုပ်နှံမှုကြောင့် ထိုင်းနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်သလို ထိုင်းစီးပွားရေးကိုည်း မြှင့်တင်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

ဒေသတွင်း လျှပ်စစ်ကားထုတ်လုပ်ရေးနယ်ပယ်မှာ ထိုင်းနိုင်ငံအနေနဲ့ ဗဟိုချက်မနိုင်ငံတစ်ခုဖြစ်လာဖို့အတွက် လည်း အခုရင်းနှီးမြှုပ်နှံမှုက အထောက်အကူပြုသွားမှာဖြစ်ပါတယ်။

 

၂၀၃၀ ပြည့်နှစ်မတိုင်ခင် ထိုင်းနိုင်ငံမှာရောင်းချတဲ့ကားအားလုံးရဲ့ ၆၀% ဟာ လျှပ်စစ်ကားတွေဖြစ်ရမယ်လို့ ထိုင်းအစိုးရက ရည်မှန်းချက်တစ်ရပ် ချမှတ်ထားပြီးဖြစ်ပါတယ်။

 

Ref: Isuzu to invest THB32 bn in Thailand to make electric pickup trucks

 

#PeopleMedia


Share this post