• Follow Us on
Latest News

Home လျှပ်စစ်ဝါယာကြိုးတက်ခိုးရာမှ ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဖမ်းဆီးရမိ

လျှပ်စစ်ဝါယာကြိုးတက်ခိုးရာမှ ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဇဇ-၇၊ ၅၄ လမ်းနှင့် ၁၀၇(D) လမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်ဝါယာကြိုးတတ်ခိုးရာမှ ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

 

ယနေ့နံနက်တွင် ၅၄ လမ်းနှင့် ၁၀၇(D) လမ်းထောင့်ရှိ လျှပ်စစ်ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်ဝါယာကြိုးများ ခိုး ယူတတ်ဖြုတ်သည့် အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာဓာတ်လိုက်သေဆုံးပြီး တစ်ဦးမှာ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထိုခိုးယူတတ်ဖြုတ်၍ ဓာတ်လိုက်သေဆုံးသူမှာ ဇာနည်ဖြိုး(ခ)ဇာကြီးကို နှလုံးလှဖြူစင်နာမှုကူညီရေးအသင်းမှ မန္တလေးပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ခန့်ကိုကို(ခ)အာလူးအား အမူဖွင့်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post