• Follow Us on
Latest News

Home လျှို့ဝှက်ကင်းထောက်တာဝန်ထမ်းဆောင်ဖို့အတွက် ဒရုန်းအငယ်စားလေးတွေကို အမေရိကန်ကြည်းတပ် စမ်းသပ်နေ

လျှို့ဝှက်ကင်းထောက်တာဝန်ထမ်းဆောင်ဖို့အတွက် ဒရုန်းအငယ်စားလေးတွေကို အမေရိကန်ကြည်းတပ် စမ်းသပ်နေ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၁

 

စောင့်ကြည့်ထောက်လှမ်းတာဝန်နဲ့ ကင်းထောက်တာဝန်တွေကို လျှို့ဝှက်စွာ ထမ်းဆောင်နိုင်ဖို့အတွက် အငယ် စားအိတ်ဆောင်ဒရုန်းလေးတွေရဲ့ ထိရောက်မှုကို အမေရိကန်ကြည်းတပ်က စမ်းသပ်နေပါတယ်။

 

Teledyne FLIR ကုမ္ပဏီက ထုတ်လုပ်ပြီး လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားနိုင်လောက်အောင်သေးငယ်တဲ့ Black Hornet 3 အမည်ရှိ အသေးစားဒရုန်းလေးတွေရဲ့ အသုံးချမှု ပထမဦးဆုံး အတွေ့အကြုံကို နယူးယောက်ကြည်း တပ်အမျိုးသားလုံခြုံရေးတပ်ဖွဲ့က စစ်သည်တွေက စမ်းသပ်ရယူနေတာဖြစ်ပါတယ်။

 

တစ်ဆက်တစ်စပ်တည်း ၂၅ မိနစ်ကြာ ပျံသန်းနိုင်တဲ့ အဲဒီအငယ်စားမောင်းသူမဲ့လေယာဉ်လေးတွေဟာ စစ်မြေ ပြင်အခြေအနေကို ပိုမိုသိရှိနိုင်ဖို့အတွက် ဗီဒီယို နဲ့ HD ပုံတွေကို ထိန်းချုပ်ရေးအော်ပရေတာတွေဆီ တပြိုင် တည်း ပို့ဆောင်ပေးနိုင်ပါတယ်။

 

အဲဒီဒရုန်းငယ်လေးတွေဟာ အသံလည်း အလွန်တိုးညှင်းတဲ့အတွက် ခြေရာခံထောက်လှမ်းဖို့ ခက်ခဲတယ်လို့ ဆို ပါတယ်။

 

ဒရုန်းတွေအပြင် ထိန်းချုပ်ရေးကိရိယာတွေ၊ အပိုဘက်ထရီတွေပါဝင်တဲ့ Black Hornet 3 လက်နက်စနစ်ရဲ့ စံ ကိုက်တိုက်ခိုက်ရေးပစ္စည်းတွေကိုလည်း စစ်သည်တစ်ဦးတည်းက အလွယ်တကူ သယ်ဆောင်သွားနိုင်တယ်လို့ ဆိုပါတယ်။

 

အဲဒီဒရုန်းအငယ်စားတွေကို အာဖဂန်နစ္စတန်စစ်ပွဲမှာ အသုံးပြုခဲ့ပြီးပြီဆိုပေမဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့က အသုံးပြုတာကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ အရွယ်အစား အင်မတန်သေးငယ်တဲ့ Black Hornet 3 ဒရုန်းလေးတွေဟာ စစ်မြေပြင်မှာ စစ်သည်တစ်ဦး တိုက် ရိုက်စောင့်ကြည့်ထောက်လှမ်းဖို့ အန္တရာယ်များတဲ့ အခြေအနေမျိုးမှာ အသုံးပြုဖို့ သင့်တော်တဲ့ ဒရုန်းလေးတွေ ဖြစ်ပါတယ်။

 

Black Hornet 3 ဒရုန်းလေးတွေဟာ မိမိတပ်ဖွဲ့ဝင်တွေကို ရန်သူမမြင်ရဘဲ စစ်သတင်းတွေ ထောက်လှမ်းရယူ နိုင်သလို စစ်မြေပြင်မှာ “နားမျက်စိတွေ” ဖြစ်တဲ့ သံချပ်ကာတပ်ဖွဲ့ဝင်တွေအတွက်လည်း မဟာဗျူဟာမြောက် အ ထောက်အကူပစ္စည်းတစ်ခုဖြစ်ပါတယ်။

 

Black Hornet 3 ဒရုန်းလေးတွေကို တပ်စိတ်အဆင့် စစ်သည်တွေမှာပါ တပ်ဆင်သွားနိုင်ရေး စံကိုက်လက်နက် တစ်ခုအဖြစ် အသုံးပြုသွားဖို့ ရည်မှန်းထားတဲ့အတွက် အမေရိကန်ကြည်းတပ် စစ်သည်တွေကို Black Hornet 3 ဒရုန်းသင်တန်းတွေ ပိုမိုပို့ချသွားဖို့ မျှော်လင့်ထားပါတယ်။

 

လက်ရှိဆောင်ရွက်နေတဲ့ စမ်းသပ်မှု အောင်မြင်တယ်ဆိုရင် မကြာခင်မှာပဲ ကြည်းတပ်က တပ်ဖွဲ့ပေါင်း ၇၀၀၀ ကို အခုကင်းထောက်ဒရုန်းလေးတွေ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Ref: US Army Testing Pocket-Sized Drones for Covert Reconnaissance

 

#PeopleMedia


Share this post