လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို Quarantine ၀င္ ေရာက္ခိုင္းျခင္းထက္ Home Stay ျဖင့္ ေနထိုင္ေစျခင္းက ပိုမိုအဆင္ေျပေစသည္ဟု AAPP မွ ဦးဘိုၾကည္ ေျပာဆို

PUBLISHED - April 21, 2020
ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ား အေနျဖင့္ Quarantine ၀င္ေရာက္ရန္ ေျပာဆိုေနျခင္းထက္ ၎တို႔အား Home Stay ျဖင့္ ေနခိုင္းျခင္းက ပိုမိုအဆင္ေျပႏိုင္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ တြဲဖက္အတြင္း ေရးမွဴးျဖစ္သူ ဦးဘိုၾကည္က ဧၿပီ ၂၁ ရက္ေန႔ကေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ႏိုင္ငံေတာ္သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္ရာတြင္ ႏိုင္ငံေရးအက်ဥ္းသား ၁၈ ဦးခန္႔ပါ၀င္လာၿပီး အဆိုပါသူမ်ားအေနျဖင့္ မိမိေနရပ္အား ျပန္ရာတြင္ သက္ဆိုင္ရာ ၿမိဳ႕ရြာမ်ားက တား ျမစ္မႈမ်ားအား ေတြ႕ႀကဳံရျခင္းျဖစ္ေၾကာင္းသိရသည္။
“ေထာင္က ထြက္လာတဲ့သူေတြကေတာ့ မ်ားေသာအားျဖင့္ ေထာင္ထဲမွာ က်န္းမာေရးအရ Covid 19 နဲ႔ ပတ္ သက္လို႔ ပါမလာဘူးလို႔ ယူဆရတဲ့ သူေတြျဖစ္တယ္။ အခုအခ်ိန္အထိ ေထာင္ထဲမွာ ေတြ႕ရတဲ့သူေတြမရွိ ေသးဘူး။ အဲ့ဒါေၾကာင့္ ဒီလူေတြက Quarantine Centre မွာ ၀င္တာထက္စာရင္ေတာ့ သူအိမ္မွာပဲ Home Stay လိုေနတာက အဆင္ေျပႏိုင္တယ္ထင္တယ္” ဟု ဦးဘိုၾကည္က ေျပာသည္။
လက္ရွိတြင္ ျပန္လည္ လြတ္ေျမာက္လာေသာ ႏိုင္ငံေရအက်ဥ္းသားမ်ားအေနျဖင့္ ကူညီေဆာင္ရြက္ေပးလ်က္ ရွိၿပီး ေနရပ္ျပန္ခက္ခဲ့သူမ်ားကိုလည္း ျပန္ပို႔ေပးလ်က္ရွိေၾကာင္း ယင္းကဲ့သို႔ ေတြ႕ႀကဳံမႈမ်ားကိုလည္း အေၾကာင္း ၾကားမႈမရွိေသးေၾကာင္း ၎က ဆိုသည္။
“နာဂက ၁၁ ေယာက္ဆိုရင္ ကၽြန္ေတာ္တို႔ အလွမ္းေ၀းေတာ့ မၾကားမိဘူး။ ခႏၲီးမွာရွိတဲ့ ကၽြန္ေတာ္တို႔ ရဲေဘာ္ ေတြကိုေတာ့ အိမ္ျပန္လို႔ရေအာင္လုပ္ေပးေနတာရွိတယ္။ သူတို႔ေတြဆီကေတာ့ ဘာသံမွေတာ့မၾကားရေသးဘူး က်န္တဲ့သူေတြက ရခိုင္ကထင္တယ္ အဲ့ဒါေတြကေတာ့ ကၽြန္ေတာ္တို႔လည္း မၾကားေသးဘူး” ဟု ႏိုင္ငံေရး အက်ဥ္းသားကူညီေစာင့္ေရွာက္ေရးအသင္းမွ တြဲဖက္အတြင္းေရးမွဴးျဖစ္သူ ဦးဘိုၾကည္က ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ႏိုင္ငံေတာ္ သမၼတ အမိန္႔ျဖင့္ အက်ဥ္းေထာင္အသီးသီးမွ အက်ဥ္းသားအက်ဥ္းသူ စုစုေပါင္း ႏွစ္ေသာင္းေလးေထာင္ေက်ာ္ပါ၀င္ခဲ့ၿပီးယင္းထဲတြင္ ႏိုင္ငံေရးအက်ဥ္းသား ၁၈ ဦးပါ၀င္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
အိသင္ဇာ
Photo – Credit
#PeopleMedia
(Unicode)
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို Quarantine ဝင် ရောက်ခိုင်းခြင်းထက် Home Stay ဖြင့် နေထိုင်စေခြင်းက ပိုမိုအဆင်ပြေစေသည်ဟု AAPP မှ ဦးဘိုကြည် ပြောဆို
………………………………………………………
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် Quarantine ဝင်ရောက်ရန် ပြောဆိုနေခြင်းထက် ၎င်းတို့အား Home Stay ဖြင့် နေခိုင်းခြင်းက ပိုမိုအဆင်ပြေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဖက်အတွင်း ရေးမှူးဖြစ်သူ ဦးဘိုကြည်က ဧပြီ ၂၁ ရက်နေ့ကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးခန့်ပါဝင်လာပြီး အဆိုပါသူများအနေဖြင့် မိမိနေရပ်အား ပြန်ရာတွင် သက်ဆိုင်ရာ မြို့ရွာများက တား မြစ်မှုများအား တွေ့ကြုံရခြင်းဖြစ်ကြောင်းသိရသည်။
“ထောင်က ထွက်လာတဲ့သူတွေကတော့ များသောအားဖြင့် ထောင်ထဲမှာ ကျန်းမာရေးအရ Covid 19 နဲ့ ပတ် သက်လို့ ပါမလာဘူးလို့ ယူဆရတဲ့ သူတွေဖြစ်တယ်။ အခုအချိန်အထိ ထောင်ထဲမှာ တွေ့ရတဲ့သူတွေမရှိ သေးဘူး။ အဲ့ဒါကြောင့် ဒီလူတွေက Quarantine Centre မှာ ဝင်တာထက်စာရင်တော့ သူအိမ်မှာပဲ Home Stay လိုနေတာက အဆင်ပြေနိုင်တယ်ထင်တယ်” ဟု ဦးဘိုကြည်က ပြောသည်။
လက်ရှိတွင် ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေအကျဉ်းသားများအနေဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိပြီး နေရပ်ပြန်ခက်ခဲ့သူများကိုလည်း ပြန်ပို့ပေးလျက်ရှိကြောင်း ယင်းကဲ့သို့ တွေ့ကြုံမှုများကိုလည်း အကြောင်း ကြားမှုမရှိသေးကြောင်း ၎င်းက ဆိုသည်။
“နာဂက ၁၁ ယောက်ဆိုရင် ကျွန်တော်တို့ အလှမ်းဝေးတော့ မကြားမိဘူး။ ခန္တီးမှာရှိတဲ့ ကျွန်တော်တို့ ရဲဘော် တွေကိုတော့ အိမ်ပြန်လို့ရအောင်လုပ်ပေးနေတာရှိတယ်။ သူတို့တွေဆီကတော့ ဘာသံမှတော့မကြားရသေးဘူး ကျန်တဲ့သူတွေက ရခိုင်ကထင်တယ် အဲ့ဒါတွေကတော့ ကျွန်တော်တို့လည်း မကြားသေးဘူး” ဟု နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဘိုကြည်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတ အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားအကျဉ်းသူ စုစုပေါင်း နှစ်သောင်းလေးထောင်ကျော်ပါဝင်ခဲ့ပြီးယင်းထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးပါဝင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အိသင်ဇာ
Photo – Credit