လွိုင်ကော်မြို့၌ KNDF စနိုက်ပါ တပ်ဖွဲ့ဝင်တစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါတပ်ဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် KNDF စနိုက်ပါ တပ်ဖွဲ့ဝင် ကျည်ထိမှန် ကျဆုံးခဲ့

PUBLISHED - January 22, 2022
တောင်ကြီး၊ ဇန်နဝါရီ ၂၂ (People Media)
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၌ KNDF စနိုက်ပါ တပ်ဖွဲ့ဝင်တစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါတပ်ဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် KNDF စနိုက်ပါ တပ်ဖွဲ့ဝင် ကျည်ထိမှန် ကျ ဆုံးခဲ့ကြောင်း ဒေသခံ PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၌ KNDF စနိုက်ပါ တပ်ဖွဲ့ဝင် တစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့မှ စနိုက်ပါတပ်ဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် KNDF စနိုက်ပါ တပ်ဖွဲ့ဝင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
KNDF စနိုက်ပါ တပ်ဖွဲ့ဝင် ကျည်ထိမှန်၍ ကျဆုံးခဲ့ခြင်းအပေါ် Kayan Generation Youth သတင်းထုတ်ပြန် ရေး Page က “ငြိမ်းချမ်းစွာ အနားယူပါ။ အလေးနီးပြုပါတယ်။ သူရဲကောင်းရယ်လို့” ရေးသားထားသည်။
လက်ရှိအချိန်၌ ကယားပြည်နယ်၌ နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံများ၏ နေအိမ်များ မီးလောင်ပျက်စီး ခဲ့သလို ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရလျက်ရှိသည်။
#PeopleMedia #KNDF
(unicode)
…………………………………………………………….
#PeopleMedia #KNDF