လှည်းကူးမြို့တွင် အသက် (၃) နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင် (၅) ဦး အသတ်ခံရ
PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့် ၌ အသက် (၃) နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစုဝင် (၅) ဦး အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သိရ သည်။
လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ၁/န(၄) လမ်းကွက်သစ်နေ ဒေါ်စန်းနွဲ့သည် ငါးခြောက်၊ ပုစွန်ခြောက်အွန် လိုင်းရောင်းဝယ်လုပ်ကိုင်သူသည် ၎င်း၏သားဖြစ်သူ ကိုမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊ မဝင်းနွယ်၏သား အသက်သုံးနှစ်အရွယ်ကလေးနှင့် အသက် ၈၅ နှစ်ရှိ ဦးလေးတို့နှင့်အတူ နေအိမ်တွင်ရှိစဉ် အကြမ်းဖက်သမား (၄) ဦးသည် ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်စန်းနွဲ့ မိသားစုဝင် (၅) ဦး လုံးသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြကြောင်း သိရသည်။
#PeopleMedia
(unicode)
…………………………………………………
#PeopleMedia