• Follow Us on

Home လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၊ သေဆုံးမှုမရှိ

လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၊ သေဆုံးမှုမရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးထိန်လင်းဆိုသူကို စက် တင်ဘာလ ၁၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့မရပ်ကွက်ဒေသခံတွေဆီက သိရပါတယ်။

 

ရာအိမ်မှူးဆိုသူမှာ ယမန်နေ့က လှည်ကူးမြို့နယ်အတွင်းရှိ ကန်တော်လေး ကားပစ္စည်းအရောင်းဆိုင်ရှေ့ အနီးမှာ အမည်မသိ လူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဒီလို ပစ်ခတ်ခဲ့တဲ့အတွက် ရာအိမ်မှူးဆိုသူမှာ သေဆုံးခြင်းမရှိပေမယ့် နားထင်ရှပ်ကာ ထိမှန်ပြီး ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ရုံးဟောင်းလမ်းထိပ်မှာ ကွမ်း ယာရောင်းချနေတဲ့ မတင်တင်ငြိမ်းအား ဒလန်ဟုဆိုကာ ဦးခေါင်းအား သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် သေ ဆုံးခဲ့ရပါတယ်။

 

ဒါပြင် လှည်းကူးမြို့နယ် PDF အဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေရဲ့ နာမည်စာရင်းတွေ ကြေညာ ခြိမ်းခြောက်ပြီးနောက်မှာတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ချို့ နှုတ်ထွက်စာတင်ထားခဲ့ကြပါတယ်။

 

#PeopleMedia #လှည်းကူးမြို့ #ရာအိမ်မှူး

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



Share this post