လှည်းကူးမြို့၌ ခြေထောက်တစ်ဖက် ဖြတ်ထားရသည့် စစ်မှုထမ်းဟောင်းဖြစ်သူ ဖခင်နှင့် သားဖြစ်သူတို့ နေ အိမ်၌ ရှိနေစဉ် ဓါးဖြင့် လုပ်ကြံသတ်ဖြတ်ခံရ၊ ဖခင်ဖြစ်သူသေဆုံး သားဖြစ်သူ ဆေးရုံတင်ထားရ

PUBLISHED - November 23, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၃ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက္ကုတင်ကျေးရွာ၌ နေထိုင်သည့် ခြေထောက်တစ်ဖက် ဖြတ် ထားရသည့် စစ်မှုထမ်းဟောင်းဖြစ်သူ ဦးထွန်းစိန်နှင့် သားဖြစ်သူတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဓားဖြင့် လုပ်ကြံသတ်ဖြတ်ရာ ဖခင်ဖြစ်သူမှာ သေဆုံးပြီး သားဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကျောက္ကုတင်ကျေးရွာ၌နေသည့် စစ်မှုထမ်းဟောင်းဖြစ်သူ ဦးထွန်း စိန်နှင့် သားဖြစ်သူတို့သည် နေအိမ်၌ ရှိနေစဉ် ဓါးဖြင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။
“မနေ့ည ၁ နာရီကဖြစ်သွားတာ။ သူက စစ်မှုထမ်းဟောင်း ညာဘက်ဒူးအောက်ဖြတ်ထားရတယ်။ သားဖြစ်သူ က မြောက်ဥက္ကလာဆေးရုံမှာ တင်ထားရတယ်” လို့ ဒေသခံတစ်ဦးမှ သိရပါတယ်။
အဆိုပါအခင်းဖြစ်သည့်နေရာသို့ လှည်းကူးမြို့၊ ကရုဏာရှင်နာရေးလူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
Photo – Credit
#Peoplemedia #လှည်းကူးမြို့ #စစ်မှုထမ်းဟောင်း
(unicode)
……………………………………………………
Photo – Credit