• Follow Us on

Home လွတ်လပ်ရေးကိုမဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

လွတ်လပ်ရေးကိုမဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ပြောသည်။

 

ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက လွတ်လပ်ရေး၏ အဓိပ္ပာယ်သည် အနှောင်အဖွဲ့ ကင်းလွတ်ခြင်းကို ဆိုလိုကြောင်း၊ အချုပ်အခြာအာဏာဆိုသည်မှာ လွတ်လပ်ခြင်းနှင့် မိမိကိုယ်ပိုင်စီမံ ဆုံးဖြတ်ခွင့်ရှိခြင်းဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် နိုင်ငံသား အားလုံးက ကိုယ်တိုင်စီမံလုပ်ကိုင်ဆုံးဖြတ်နိုင်ခွင့်ရှိခြင်း၊ အနှောင်အဖွဲ့ကင်းပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိ သောနိုင်ငံများကို အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် သတ်မှတ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးသည် အရေးကြီးကြောင်း၊ အချို့နိုင်ငံများသည် လွတ်လပ်ကြသော်လည်း အချုပ်အခြာ အာဏာပိုင်ဆိုင်မှုမရှိကြကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာအာဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ထိုသို့သောနိုင်ငံများကို ကမ္ဘာပေါ်တွင် တွေ့မြင်နေရကြောင်း ပြောသည်။

 

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီး ဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံးသွားနိုင်သည့်အခြေအနေများကို ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်ရကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရသည်မှာ Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း၊ နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့်နေရာမျိုးတွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ္ဘာ့ရွာကြီးဖွံဖြိုး တိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့်အစား ကမ္ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆွဲ၍ ရန်စကား ပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက Hegemony ဗိုလ်ကျစိုးမိုးခြင်းကိစ္စရပ်များ၊ Multilateralismą Unilateralism အင်အားပြိုင်မှုကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန်သူဆို၍ ဖိအားပေးသော ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုကျ ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ် ရုပ်သေးအစိုးရ ဖြစ်စေရေး ကြိုးစားမှုများကို ယနေ့ကမ္ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရကြောင်း၊ မိမိနိုင်ငံအနေဖြင့် အင်အားကြီး နိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး ၎င်းတို့အလိုကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြ သည့်အတွက် အချုပ်အခြာအာဏာ ပိုင်ခွင့်မဆုံးရှုံး အောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ် ရေးကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ သတိပြုနိုင်ရေးအတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော် ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဦးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများ ကိုတွေ့မြင်ရမည်ဖြစ်ကြောင်းဖြင့် ပြောသည်။

 

#PeopleMedia


Share this post