• Follow Us on
Latest News

Home လွတ်လပ်ရေးနေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်း ဈေးထောင့်လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက် ၂ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ခေတ္တလမ်းပိတ်/လမ်းလွှဲမည်

လွတ်လပ်ရေးနေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်း ဈေးထောင့်လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက် ၂ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ခေတ္တလမ်းပိတ်/လမ်းလွှဲမည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂

 

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားအား နေ ပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် (ဝတ်စုံပြည့်)အစမ်းလေ့ကျင့်မည့် ဇန်နဝါရီ လ ၂ ရက်နေ့နှင့် အခမ်းအနား ကျင်းပပြုလုပ်မည့် ဇန်နဝါရီလ ၄ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်မှ သပြေကုန်းဈေးထောင့်လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက် ၂ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ယာဉ်အသုံးပြုသွားလာသူများအနေဖြင့် ၎င်းနေ့ရက်များ တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှတော်ဝင် ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့ လည်းကောင်း၊ သပြေကုန်းဈေးထောင့်လမ်းဆုံ မီးပွိုင့်မှ ပိ တောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်အပ်ထားသည်။

 

ပုံ – နေပြည်တော်တွင် ကျင်းပခဲ့သည့် (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား

 

#PeopleMedia


Share this post