လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ကထိက (၅) ဦးကို ထောင်ဒဏ် (၂) နှစ်အပြင် ငွေဒဏ်ကျပ် (၉) သိန်း ချမှတ်
PUBLISHED - March 6, 2024
နေပြည်တော်၊ မတ် ၆
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ကထိက (၅) ဦးကို ထောင်ဒဏ် (၂) နှစ်အပြင် ငွေဒဏ်ကျပ် (၉) သိန်း ချမှတ်ခဲ့ကြောင်း KNDF လက်အောက်ခံ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ပြန်ထားသည်။
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် (၅) ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ အထောက်အထား ခိုင်မာသည့်အတွက် အခုလို အပြစ်ပေးလိုက်တာဖြစ်ကြောင်း KNDF လက်အောက်ခံ ကရင်နီပြည်နယ် ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှ စတင်ကာ လွိုင်ကော်တက္ကသိုလ်ကို ကယား PDF ပူးပေါင်း အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနှင့် မိသားစုဝင် (၂၀၄) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသည့် ဝန်ထမ်းများအနက် (၁၉၃) ဦးကို ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီးနောက် ကယား PDF ပူးပေါင်းအဖွဲ့ဝင်များက ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
#PeopleMedia