လွိုင်ကော်ထောင်အကျဉ်းသားများအတွက်အခြေခံရိက္ခာများ၊ အပိုဆောင်းရိက္ခာများနှင့် ဆေးဝါးများလုံ လောက်မှုရှိကြောင်း ထုတ်ပြန်

PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် ရိက္ခာနှင့် ဆေးဝါးအရေးတကြီးအကူ အညီလိုအပ်နေသည်ဟု မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံလျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သတင်းအမှား သာဖြစ်ကြောင်း၊ အခြေခံရိက္ခာများ၊ အပိုဆောင်း ရိက္ခာများနှင့် ဆေးဝါးများ လုံလောက်မှုရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း အပြည့်အဝဆောင်ရွက်ပေးလျက်ရှိကြောင်းကို သိရသည်။
သိုဖြစ်ပါ၍ တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို ရည် ရွယ်ချက်ရှိရှိ သတင်းတု သတင်းများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia