• Follow Us on
Latest News

Home လွိုင်ကော်မြို့တွင် စက်မှုလယ်ယာမှ ဒုညွှန်မှူးနှင့် ဦးစီးမှူးဖြစ်သူတို့ကို PDF က သတ်ဖြတ်ပြီး ကားပါ လုယူသွား

လွိုင်ကော်မြို့တွင် စက်မှုလယ်ယာမှ ဒုညွှန်မှူးနှင့် ဦးစီးမှူးဖြစ်သူတို့ကို PDF က သတ်ဖြတ်ပြီး ကားပါ လုယူသွား

Share this post

နေပြည်တော်၊ ဇွန် ၇

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် စက်မှုလယ်ယာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူးတို့ကို PDF အဖွဲ့ဝင်များက သတ်ဖြတ်ပြီး ကားပါ လုယူသွားကြောင်း သိရသည်။

 

ဇွန်လ ၅ ရက် ညနေပိုင်းက စက်မှုလယ်ယာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးယဉ်ကျော်အောင်နှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူးတို့သည် ကားတစ်စီးဖြင့် လွိုင်ကော်မြို့စွန် တနေရာသို့ သွားရောက်စဉ် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်သည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် စက်မှုလယ်ယာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်သူနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူးတို့သည် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားပြီး ၎င်းတို့ စီးနင်းလာသည့် ကားကို PDF အဖွဲ့ဝင်များမှ ယူဆောင်သွားကြောင်း သိရသည်။

 

#PeopleMedia


Share this post